Local News

အလုပ်တွေ နားနေရချိန်မှာထူးထူးခြားခြား ပညာရပ်တစ်ခုကို သင်ယူနေတဲ့ သင်ဇာဝင့်ကျော်

အလုပ်တွေနားနေရချိန်မှာ ထူးထူးခြားခြား ပညာရပ်တစ်ခုကို သင်ယူနေတဲ့ သင်ဇာဝင့်ကျော်

သင်ဇာဝင့်ကျော်ကတော့ အပြစ် ဆိုဖွယ်ရာမရှိတဲ့ ပြီးပြည့်စုံတဲ့

အလှကို ပိုင်ဆိုင် ထားတဲ့အပြင် တော်ယုံ လူမဝတ်ရဲတဲ့

အလန်းစားဖက်ရှင်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်သူတစ်ယောက်ဆိုလည်း မမှားပါဘူး။

အဲ့ဒါကြောင့်လည်းသင်ဇာဝင့်ကျော်ကးဟာ အနုပညာလော ကမှာ

သူမရဲ့ပင်ကိုယ်စတိုင်လ်နဲ့ ဘယ်သူ နဲ့မှမတူတဲ့ မင်းသမီးအဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

အနုပညာ လောကမှာ နှစ်ပေါင်း အတော်ကြာ နာမည်တစ်လုံးနဲ့

ရပ်တည်နေနိုင်ရုံစာမက မင်းသမီးချောလေး သင်ဇာဝင့်ကျော်က တစ်နေ့တစ်ခြားအောင်မြင်

မှုတွေ များစွာ ဆွတ်ခူးရရှိပိုင်ဆိုင်ထားသူ တစ်ဦးပါ။

နောက်ပိုင်းမှာ ရုပ်ရှင်ရိုက်ကူး မှုတွေနည်းပါးသွားပြီး အခမ်းအနားပွဲတက်ခြင်း နဲ့

ကြော်ငြာတွေ ကိုသာ ဦးစားပေး ရိုက်ကူးဖြစ်နေတဲ့ သင်ဇာဝင့်ကျော်က ကိုဗစ်ကာလမှာတော့

သူမရဲ့ အနုပညာအလုပ်တွေကို တော်တော်များများ လျှော့ချခဲ့တာပဲ ဖြစ်ပါတယ်။

ခုလို အလုပ်တွေပါးပြီး အားလပ်နေတဲ့အချိန်လေးမှာ သူမဝါသနာ ပါရာလေးတွေကို လုပ်ကိုင်နေလေ့ရှိပြီး

ဒီတစ်ခေါက်မှာလည်း Discover Scuba Diving ကို ဆရာနဲ့တကွ စနစ်တကျသင်ယူဖြစ်

နေတယ်လို့ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာပြောလာပါတယ်။

သာမန် မြန်မာ လူမျိုးတွေ သင်ယူလေ့လာခဲတဲ့ ရေအောက် ကမ္ဘာကို လေ့လာတဲ့

အတတ်ပညာဖြစ်တဲ့ ရေငုပ်ပညာရပ်ကို သင်ယူဖြစ်နေတဲ့ သင်ဇာရဲ့ ဝါသနာကတော့ တမူထူးခြားလှပါတယ်။

credit