Local News

တကယ့်အလင်းတန်းကို မရမချင်း နေ့တိုင်းဟာ ငါတို့ရဲ့တော်လှန်ရေးနေ့တွေချည်းပဲလို့ ပြောလာတဲ့ မြနှင်းရည်လွင်

ဇာတ်လမ်းတွဲတွေများစွာရိုက်ကူးထားပြီး သရုပ်ဆောင်ကောင်းမှုတွေကြောင့်

ပရိသတ်တွေရဲ့တစ်ခဲနက်အားပေး ချစ်ခင်မှုတွေကို အခိုင်အမာ

ရရှိထား သူကတော့မင်းသမီးချောမြနှင်းရည်လွင်ပဲ ဖြစ်ပါတယ်

မြနှင်းရည်လွင်ကတော့ ဖေဖော်ဝါရီလ အစပိုင်းကတည်းက ပြည်သူတွေနဲ့အတူ

ကိုယ်တိုင်ကိုယ်ကျအပင်ပန်းခံကာ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ

အင်တိုက်အားတိုက်ပါဝင်ကာ အားလုံးနဲ့အတူ ရပ်တည်နေသူလည်း ဖြစ်ပါတယ်..။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတဲ့

မြနှင်းရည်လွင်ကတော့ တကယ့်အလင်းတန်းကို မရမချင်း နေ့တိုင်းဟာ

တော်လှန်ရေးနေ့ပဲဆိုပြီး ခိုင်မာပြတ်သားစွာပြောလာပါတယ်

မြနှင်းရည်လွင်ကတော့ လတ်တလောမှာ လုံခြုံရေးအရ ရှောင်တိမ်းနေရပေမယ့်လည်း

ဆုံးဖြတ်ချက်တွေ ခိုင်မာစွာနဲ့ တတ်နိုင်သလောက် အားဖြည့်ပါဝင်နေတာဆိုလည်း မမှားပါဘူး

တကယ့်အလင်းတန်းကို မရမချင်းနေ့တိုင်းဟာ ငါတို့ရဲ့တော်လှန်ရေးနေ့တွေချည်းပဲ။

RejectMilitaryCoupInMyanmar..” ဆိုပြီး မြနှင်းရည်လွင်က ရေးသားထားတာ ဖြစ်ပါတယ်..။

ပြည်သူတွေနဲ့အတူ ရပ်တည်ပြီး ယုံချက်ကြည်တွေနဲ့ အနာဂတ်တွေအတွက်

တော်လှန်ရေးတိုက်ပွဲကြီးမှာ ကြိုးစားပါဝင်နေတဲ့ မြနှင်းရည်လွင်ရဲ့ ခိုင်မာ

ပြတ်သားတဲ့စိတ်ထားတွေကို ပရိသတ်တွေ အားလုံးကလည်း သဘောကျနေကြတာ ဖြစ်ပါတယ်..။

Credit