Knowledge

ကျောက်တော်မြို့နယ်တွင် ပိန္နဲသီးအထဲမှငှက်ပျောသီးများ ထူးဆန်းစွာထွက်ပေါ်သည်ဟုဆိုကာ သွားရောက်ကြည့်ရှုသူများပြာ

ရခိုင်ပြည်နယ် ၊ ကျောက်တော် မြို့နယ် ၊ ကျောက်တန်း ကျေးရွာအတွင်း

ပိန္နဲပင်ရှိ ပိန္နဲ သီးတစ်လုံးအထဲမှ ငှက်ပျောသီးများ ထူးဆန်းစွာ ထွက်ပေါ် လာသည် ဟုဆိုကာ

လူမျာသွားရောက် ကြည့်ရှုနေကြသည်ဟု သတင်းရရှိသည်။

ကျောက်တန်း ကျေးရွာရှိ ဒိုင်းနက်ရွာချေမှ ဦးထွန်းဝေ၏ အိမ်ခြံဝင်းမှ ပိန္နဲပင်ရှိ

ပိန္နဲသီးတွင် ပြီးခဲ့သည့် ဧပြီ လ ၁၄ ရက်နေ့ (သြင်္ကန် ကာလအတွင်း ) က ငှက်ပျောသီး ၁၃ သုံးလုံးပါ

ငှက်ပျောသီးတစ်ဖီးမှာ ထူးဆန်းစွာ ထွက်ပေါ် လာခဲ့ခြင်းဖြစ်ကြောင်း

ကျောက်တန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းတင် က ပြောသည်။

ပထမဆုံးက ပိန္နဲသီးက ကွဲထွက်ပြီးတော့ အဲဒီအထဲက ငှက်ပျောသီးအသေး ၁၃ လုံး ထွက်လာတယ်။

အဲဒါက ရက်ကြာ လာတာနဲ့အမျှ တဖြည်းဖြည်း ကြီးလာပါတယ်။ အခု တော်တော် ကြီးနေပါပြီ။

ငှက်ပျောသီးက တောငှက်ပျောသီး အမျိုးအစားပါ။ ဒါကို ထူးဆန်းတဲ့အတွက် အနီးအနားရွာကလူတွေ

တခြားမြို့နယ်တွေက လူတွေက ကားတွေ ဆိုင်ကယ်တွေနဲ့ လာကြည့်ကြတာရှိပါတယ်” ဟု ပြောသည်။

၎င်းငှက်ပျော သီးများမှာ တစ်ဖြည်း ဖြည်းကြီးလာသဖြင့် လူအများ

အကြားအံ့ဩမှုနှင့် အတူ သွားကြည့် နေကြသည်ဟု ဆိုသည်။

ယင်းနေရာသို့ ရခိုင် ပြည်နယ်ရှိ ကျောက်တော် မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့်

မြောက်ဦးမြို့နယ် အပါအဝင် တခြား မြို့နယ် အချို့တို့မှ ဆိုင်ကယ်၊ ကားများဖြင့်တစ်နေ့

တစ်နေ့ လာရောက်ကြည့်ရှုကြသူ များပြားနေကြောင်း သိရသည်။

ကျွန်တော်တို့ ကျောက်တန်းမှာ ဒိုင်းနက် တွေလည်း ရှိတယ်။

အဲဒီမှာ ဒိုင်းနက်ရွာ ချေဆိုပြီး ခွဲထားတယ်ပေါ့။ အဲဒီမှာ ဖြစ်တာ။

ထွန်းဝေ အိမ်ရဲ့ အိမ်ဘေးက ပိန္နဲပင်မှာ ဖြစ်တာပါ။ ပိန္နဲသီး တစ်လုံးတည်းက ကွဲထွက်နေတာပါ ။

သြင်္ကန် အကျနေ့က သေးသေးလေး ထွက်လာတာ ။ အခုက အရမ်းကြီး နေပါပြီ။

ငှက်ပျောသီးက မမှည့်သေးပါဘူး။ အစိမ်းပဲ ရှိပါသေးတယ်ဟု သူက ဆက်ပြောသည်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်

ဟောင်း ဦးထွန်းသာစိန် ကလည်း အဆိုပါ ပိန္နဲသီးမှ ငှက်ပျောသီး

အသွင်ပြောင်းလဲ ဖြစ်ပေါ်ခြင်း ဖြစ်နိုင်ကောင်း သုံးသပ်ပြောဆိုသည်။

ပိန္နဲသီးက အက်ကွဲသွားတယ်။ အဲဒီအထဲက ငှက်ပျောသီးလိုမျိုး ထွက်နေတာပါ။

ကျွန်တော်တော့ သွားမကြည့်ရသေးဘူး။ပုံထဲမှာတော့ ဒါကို တွေ့ထားပြီးပြီ။

တဖြည်းဖြည်း ကြီးလာတယ်လို့လည်း ပြောကြပါတယ်။

တစ်နည်းအားဖြင့် သစ်ရွက်က လိပ်ပြာဖြစ်ကြ တာတွေလည်း ရှိတယ်။

ပြောလို့တော့ မရဘူး အဲဒီလို အသွင်ပြောင်းတာလည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်။

ရုက္ခဗေဒ ဆိုင်ရာတွေနဲ့ပတ်သက်လို့လည်း ပြောင်းလဲမှုတွေ ရှိတယ်လေ။ဟု နိရဉ္စရာသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ လူမှုကွန်ရက်စာမျက်နှာတွင်လည်း ပျံ့နှံ့လျှက်ရှိသည်။

လက်ရှိတွင် ယင်းကျေးရွာသားများကအ ဆိုပါ ပိန္နဲပင်အောက်၌

တရားပွဲဖြင့် အမွှေးနံ့သာများထွန်းကာ ပူဇော်ထားရှိကြောင်းလည်း သိရသည်။

crd နိရဉ္စရာ