Knowledge

အချစ်ဦးနဲ့လွဲပြီးမှ ဖြစ်ပေါ်လာတဲ့ဒုတိယအချစ်က ပိုကောင်းကြောင်း သက်သေ(၅)ခု

လူတော်တော် များများက အသည်း ကွဲပြီးတဲ့နောက်မှာ နောက်တစ်ခေါက်

ထပ်ချစ်ဖို့ကြောက်သွားတတ်ကြပြီးအတည်မချစ်မိအောင်ကိုယ့်ကိုယ် ကိုကန့်သတ်ထားကြလေ့ရှိတယ်။

တကယ်တော့ ဒီလို စိတ်မျိုးနဲ့ ကန့်သတ်ထားတာ မကောင်းပါဘူး။

ဘာလို့လဲဆိုတော့ အသည်းကွဲပြီးတဲ့နောက်မှာ ဖြစ်လာတဲ့ အချစ်က

ပိုပြီးကောင်းမွန် တယ်ဆိုတာ ဒီအချက်တွေက သက်သေပါပဲနော်။

အသည်းကွဲပြီးနောက်တစ်ခေါက် ထပ်ချစ်မိ တဲ့အခါ ဒီလူအပေါ်လုံးဝစိတ်နှစ်ပြီး

မခံစားတော့ဘဲ ပျော်စရာတွေကိုအတူတူဖန်တီးမယ်။

စိတ်ညစ်စရာတွေကိုလည်း ပေါ့ပေါ့ပါးပါး ပဲ ကျော်ဖြတ် လာနိုင်ပါလိမ့်မယ်။

ကိုယ့်ကိုဂရုမစိုက်လို့ဆိုပြီး အသေးစိတ်ကအစ feel မနေတော့ဘူး။

အလွန် အမင်းမတွယ် ကပ်တော့ဘူး အရာအားလုံး သူမှသူ ဖြစ်မနေတော့ဘူး

လွတ်လပ်တဲ့ စိတ်ထားမျိုး ထားတတ်သွားပြီး တစ်ဖက်လူကိုလည်း ဖိအားတွေ မပေးတတ်တော့ပါ

သူကကိုယ့်ရဲ့ဘဝ၊ သူကကိုယ့်ရဲ့အရာရာ၊ သူမရှိရင်မဖြစ်လို့ သူ့ကို ကိုယ့်ရဲ့အရာအားလုံးထက် ဦးစားပေး

တာမျိုးတွေ အရင်က လုပ်ခဲ့သလောက် အခုတော့ မလုပ်တော့ဘူး။

သူ့ထက် ကိုယ့်ကိုယ်ကို ပိုပြီး ဦးစားပေးတတ်လာပါပြီ။

အရမ်းချစ်ရင် အရမ်းခံစား ရတယ်၊ ချစ်ပြလွန်းရင်

ပစ်ချခံရတတ် တယ်ဆို တာတွေကို ကောင်းကောင်း နားလည်နေပြီ။

ကိုယ်ဘာ လုပ်ရင် ဘာဖြစ်မယ် ဆိုတာသိနေပြီမို့ ဆိုးကျိုးတွေကို ကြိုမြင်ပြီး ရှောင်တတ်သွားပါပြီ။

ကိုယ့်ချစ်သူက ကိုယ့်အတွက် အရာအားလုံးပေးဆပ် မှာပဲ၊ ကိုယ့်ကိုအရာအားလုံးထက် ဦးစားပေးမှာပဲ၊

ကိုယ်ပြောရင်တော့ နားထောင်မှာပဲဆိုတဲ့ ကလေးဆန်ဆန်အတွေးတွေ မရှိတော့ဘူး။

သူ့ဘက်ကိုယ့်ဘက် မြင်အောင်ကြည့် တတ်ပြီး လက်တွေ့ကျကျတွေးတော တတ်ပြီ။

ပထမ အချစ်ထက် ဒုတိယ အကြိမ်ဖြစ်လာတဲ့အချစ်မှာ ပိုရင့်ကျက်သွားပါပြီနော်

Credit