Knowledge

ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေစုပုံနေပြီဆိုတာသိနိုင်တဲ့ လက္ခဏာမျာ

ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေစုပုံနေပြီဆိုတာသိနိုင်တဲ့ လက္ခဏာများ

နေ့တိုင်းစားလိုက်တဲ့အစားအသောက်တွေထဲက ပါဝင်လာတဲ့ အဆိပ်အတောက်တွေ၊

ညစ်ညမ်းတဲ့အရာတွေကို သွေးထဲရောက်မသွားအောင် ခန္ဓာကိုယ်ကိုဒုက္ခမပေးနိုင်အောင် အသည်းကနေချေဖျက်ပေးပါတယ်။

ဒါပေမယ့် အသည်းမှာ အဆိပ်အတောက်တွေပမာဏများများစုပုံလာတဲ့အခါ

ခန္ဓာကိုယ်ထဲကိုနောက်ထပ်ဝင်ရောက်လာတဲ့အဆိပ်အတောက်တွေကို မချေဖျက်နိုင်တော့ဘဲ

အဲ့ဒီအဆိပ်အတောက်တွေက လူကိုဒုက္ခပေးပါတော့တယ်။

ခန္ဓာကိုယ်ထဲမှာ အသည်းကမချေဖျက်နိုင်လောက်အောင် အဆိပ်အတောက်တွေ

အရမ်းများနေတယ်ဆိုရင် ဒီအချက်တွေကိုကြုံတွေ့ရပါလိမ့်မယ်။

(၁) ညအိပ်မပျော်ခြင်း

ညဘက်အိပ်မပျော်တာက ဆိုးသထက်ဆိုးလာပြီး ဘယ်လိုပဲအိပ်ပျော်အောင်ကြိုးစားပေမယ့်

အိပ်မပျော်တာမျိုး၊ အိပ်ဆေးသောက်တာတောင် အိပ်မပျော်တာမျိုးဆိုရင်တော့

အသည်းမှာ အဆိပ်အတောက်တွေများနေပြီး အစားအသောက်ဆင်ခြင်ဖို့ လိုနေပါပြီ။

(၂) မကြာခဏခေါင်းကိုက်ခြင်း

အဆိပ်အတောက်တွေကို အသည်းကမချေဖျက်နိုင်ဘဲ သွေးထဲရောက်လာတဲ့အခါ

သွေးဖိအားကိုသက်ရောက်မှုဖြစ်စေပြီး သွေးတိုးစေကာ မကြာခဏခေါင်းကိုက်ခြင်းကိုဖြစ်စေပါတယ်။

(၃) ဆံပင်ကျွတ်ခြင်း

ဆံပင်နဲ့ဦးရေပြားကိုဓာတုပစ္စည်းတွေနဲ့ထိတွေ့ခြင်းမရှိဘဲနဲ့ ဆံပင်တွေအများကြီးကျွတ်နေတာဟာ

သွေးထဲမှာ အဆိပ်အတောက်တွေ များနေလို့ဖြစ်ပါတယ်။

(၄) အရေပြားမှာအနာတွေဖြစ်ခြင်း

ခန္ဓာကိုယ်မှာအဆိပ်အတောက်တွေများနေတဲ့အခါ ၊ စိတ်ဖိစီးမှုတွေများနေတဲ့အခါမှာ

အရေပြားပေါ်မှာ အနာတွေဖြစ်တတ်ပါတယ်။

အဲ့လိုဖြစ်တဲ့အခါ လွယ်လွယ်နဲ့မပျောက်တတ်ဘဲ တစ်မျိုးပြီးတစ်မျိုးဖြစ်နေတတ်ပါတယ်။

အရေပြားနဲ့ပတ်သက်လို့ မဖြစ်ဖူးတဲ့အနာတွေဖြစ်နေတယ်ဆိုရင် ဒါဟာ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေများနေတဲ့ လက္ခဏာပါ။

(၅) အာရုံစူးစိုက်ဖို့ခက်ခြင်း

အသည်းထဲကအဆိပ်အတောက်တွေသွေးထဲကိုရောက်လာတဲ့အခါ

အာရုံကြောတွေကို တင်းစေပြီး အလုပ်မှာ၊ ကျောင်းမှာ အာရုံစူးစိုက်ဖို့ ခက်နေတတ်ပါတယ်။

Credit