Knowledge

ဆံပင်တွေ ခဏခဏကျွတ်နေသူများအတွက် ဒီပေါင်းတင်နည်းလေးကိုလုပ်ကြည့်လိုက်ပါ

ဆံပင်ကျွတ်နေလို့စိတ်ညစ်စရာမလိုတော့ပါဘူး။ဒီပေါင်းတင်နည်းလေးကသင့်ဆံပင်ကျွတ်တာကို

သက်သာစေတဲ့အပြင် ဆံပင်ကိုလည်းထူလာစေပါတယ်။

ဆံပင်ပါးတဲ့သူတွေလည်းသုံးပေးနိုင်ပါတယ်။ပေါင်းတင်နည်းလေးကလည်းမခက်ပါဘူး။

အိမ်မှာရှိတဲ့ပစ္စည်းတွေကိုသာသုံးပေးရမှာပါ လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြက်သွန်နီနဲ့ပျားရည်ပါ

ကြက်သွန်နီက ဆံပင်ကိုပိုပြီးထူစေပြီးဆံပင်ကျွတ်သက်သာစေပါတယ်။

ဆံပင်အရှည်မြန်စေအတွက်ဆံပင်အုံထူချင်တဲ့သူတွေလုပ်ပေးလို့ရပါတယ်။

ကြက်သွန်နီတစ်လုံးယူပြီးဓားနဲ့ပါးပါးလှီးပါ မွှေစက်ထဲထည့်ပြီးဖြစ်စေ၊ထောင်းပြီးဖြစ်စေ ညက်သွားအောင်လုပ်ပါ။

ပြီးရင်ပန်းကန်လုံးထဲထည့်ပြီးအရည်တွေကိုစစ်ထုတ်ပေးပါ။

ပျားရည်စားပွဲတင်ဇွန်း၂ဇွန်းကိုထည့်ပါ ခဏနေရင်လာဗင်ဒါအဆီလေးအနည်းငယ်ထည့်ပေးပါ။

အုန်းဆီစစ်စစ်အဆီဆိုရင်လည်းရပါတယ် အကုန်လုံးကိုရောမွှေပြီးရင်သုံးလို့ရပါပြီ။

ဘယ်လိုသုံးရမလဲဆိုတော့ အရည်တွေကိုဆံပင်အနှံ့ပွတ်လိမ်းပေးပါ။

လိမ်းပြီးရင်ခေါင်းကိုတစ်ခုခုနဲ့စွပ်ထားပါ။

နာရီဝက်ဖြစ်စေ၊တစ်ညလုံးဖြစ်စေထားနိုင်ပါတယ်။

နာရီဝက်ကြာပြီးရင် ရေနဲ့သန့်စင်အောင်ဆေးချပါ။

နောက်တစ်နေ့မှာခေါင်းလျှော်ရည်နဲ့လျှော်ပေးလို့ရပါပြီ။

တစ်လကို ၂ခါပုံမှန်လုပ်ပေးရင် ဆံပင်ကျွတ်သက်သာ

ပြီးအရင်ကထက်ဆံပင်အုံထူလာတာကိုမြင်တွေ့ရမှာပါ။

credit