Local News

သရုပ်ဆောင် ပိုင်တံခွန် မြောက်ဒဂုံအိမ်တွင် ဖမ်းဆီးခံရ

စစ်ကောင်စီရဲ့ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခြင်း ခံထားရတဲ့ သရုပ်ဆောင် ပိုင်တံခွန်ဟာ

ယနေ့၊ ဧပြီလ ၈ ရက်နေ့၊ မနက် ၅ နာရီ အချိန်ခန့်က

ရန်ကုန်မြို့ရှိ မြောက်ဒဂုံနေအိမ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ပိုင်တံခွန်ဟာ လက်ရှိ နေထိုင်မကောင်းဖြစ်ကာ ကျန်းမာရေး ဆိုးရွားနေပြီး၊ ပိုင်တံခွန်အား

အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဝိုင်းဝန်း ဆုတောင်းပေးကြပါဦးလို့ အစ်မဖြစ်သူ မေချစ်သွေးက ဆိုပါတယ်။

ဒီနေ့ မနက် ၅ နာရီမှာ ရဲနဲ့ စစ်သား ကား ၈ စီးနဲ့ ပိုင်တံခွန်ကို လာဖမ်းသွားကြပါပြီ။

မြောက်ဒဂုံအိမ်မှာ လာဖမ်းသွားတာပါ။ Speak Out များများလေး လုပ်ပေးကြပါ။

ကျန်းမားရေး အရမ်းဆိုးနေလို့ ဝိုင်းဝန်း ဆုတောင်းပေးကြပါဦး”လို့ ပိုင်တံခွန်ရဲ့ အစ်မ မေချစ်သွေးက ဆိုပါတယ်။

ဓာတ်ပုံ – Paing Takhon’s Facebook
crd ; Ayarwaddy