Local News

ပြည်သူတွေအတွက် ဘေးကင်းစေကြောင်း ဆုတောင်းပေးနေတယ်ဆိုတဲ့ ပိုပို

အဆိုတော်  ပိုပိုကတော့  လူထုလှုပ်ရှားမှုတွေမှာ  ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပူးပေါင်းပါဝင်နေသူ  တစ်ဦးလည်း ဖြစ်ပါတယ်။

ဖေဖော်ဝါရီလအစကတည်းမှစပြီး  ရင်ထဲကဆန္ဒအမှန်တွေကို ထုတ်ဖော်နေရုံတင်မကဘဲ

လမ်းပေါ်ထွက်ကာ အမှန်တရားဘက်ကနေ ရပ်တည်နေကြတဲ့ ပြည်သူတွေအတွက် သူငယ်ချင်းများနဲ့

စုပေါင်းကာစားစရာ၊သောက်စရာများလည်း လှူဒါန်းခဲ့တာတွေကို မြင်တွေ့ခဲ့ကြရမှာပါနော်။

လက်ရှိမှာတော့  အခြေအနေအရပ်ရပ်ကြောင့်  ခေတ္တတိမ်းရှောင်နေရပေမယ့်လည်း

ပြည်သူတွေနဲ့အတူတစ်သားတည်းရှိကြောင်းကို ” သင်္ကြန်လည်းမပျော်ပါ

ဘာဆေးမှ မထိုးပါ ၊ပြည်သူတွေ ပျော်မှ ပျော်မယ် ပြည်သူတွေ ဆေးထိုးမှ ထိုးမယ်

ပြည်သူ နဲ့အတူpopoဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားဝေမျှနေတာလည်းဖြစ်ပါတယ်။

ပရိသတ်တွေစိတ်မပူစေရအောင်လို့လည်း  ပိုပိုရဲ့Facebook Story တွင်စိတ်မပူကြပါနဲ့

စားလိုက် အိပ်လိုက်နဲ့ အဆင်ပြေနေပါတယ် ” ဆိုပြီး တင်ထားပါသေးတယ်။

လောလောဆယ်တော့ ဘေးကင်းလုံခြုံတဲ့နေရာတွင်နေနေပြီး သူမရဲ့လှုပ်ရှားမှုတွေကိုတော့  တင်ပေးနေတာပါ။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း  ပိတောက်ပန်းတွေနဲ့ ရိုက်ထားတဲ့ ပုံတစ်ပုံကို တင်ထားတာပါ။

ဒါ့အပြင် ပိတောက်တွေရပြီမို့ စိတ်ချမ်းသာ ဘုရားပန်းအဖြစ် လှူလိုက်ပြီးပြည်သူတွေ

အတွက် ဆုတောင်းပေးပါတယ်” ဆိုပြီး တင်ထားတာဖြစ်တာကြောင့်

ပရိသတ်တွေလည်း သိရှိရအောင် ဒီသတင်းကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်။

တိမ်းရှောင်နေကြရတဲ့ အနုပညာရှင်မျာအစစအရာရာ ဂရုစိုက်ကြပါလို့လည်းမှာကြားလိုက်ပါရစေနော်။

Credit