Local News

ပါးကွပ်ကျားနဲ့ ငါတို့သမီးလေး ဒီအပေါက်လေးကထွက်သွားတာ ခုထိပြန်မလာသေးဘူး

အိမ်ထရံမှာ ခဲတံလောက်အပေါက်လေးရှိတယ် ။

ပါးကွပ်ကျားနဲ့ ငါတို့သမီးလေးဒီအပေါက်လေးကထွက်သွားတာ ခုထိပြန်မလာသေးဘူး ။

မစောင့်နိုင်တဲ့အဆုံး အမေဖြစ် ထရံပေါက်က ချောင်းကြည့်တော့

သွေးစွန်းနေတဲ့ သေနက်ပြောင်းတွေတွေ့တယ် ။အဲဒီနောက်မှာ သွေးအလိမ်းလိမ်းမြန်မာပြည်ကို

ခုတ်ထစ်ချက်ပြုတ်ထားတဲ့ မီးရောင်တဝင်းဝင်းနဲ့ ညစာစားပွဲကြီးတွေ့တယ် ။

အဲဒီထဲက အကြီးဆုံးစားပွဲဝိုင်းပေါ်မှာသမီးလေးရဲ့ သွေးစက်တွေကို

ဝိုင်လုပ်သောက်နေတဲ့ ဘုရားဒကာကြီးထိုင်နေတယ်

ဘေးပတ်လည်အမှောင်တောထဲ ငိုညည်းသံများလဲကြားနေရတယ် ။

ငါ့သမီးလေး ငါ့သမီးလေး လို့အော်ပြီး အမေလဲကျသွားတော့

အဖေက ထရံပေါက်က ချောင်းကြည့်ပြန်တယ် ။ဒီလိုနဲ့မိသားစုတွေ တယောက်တလှည့်

ဒီ ထရံပေါက်လေးက မခွာနိုင်ခဲ့ဘူးတဲ့ ။တကယ်တော့ တပြည်လုံးရင်ထဲမှာ အဲဒီလို အပေါက်လေးကိုယ်စီနဲ့ ။

အိမ်ထရံမှာ ခဲတံလောက်အပေါက်လေးရှိတယ် ။ပါးကွပ်ကျားနဲ့ ငါတို့သမီးလေး

ဒီအပေါက်လေးကထွက်သွားတာ ခုထိပြန်မလာသေးဘူး ။

မစောင့်နိုင်တဲ့အဆုံးအမေဖြစ် ထရံပေါက်က ချောင်းကြည့်တော့

သွေးစွန်းနေတဲ့ သေနက်ပြောင်းတွေတွေ့တယ်။အဲဒီနောက်မှာ သွေးအလိမ်းလိမ်းမြန်မာပြည်ကို

ခုတ်ထစ်ချက်ပြုတ်ထားတဲ့ မီးရောင်တဝင်းဝင်းနဲ့ ညစာစားပွဲကြီးတွေ့တယ် ။

အဲဒီထဲက အကြီးဆုံးစားပွဲဝိုင်းပေါ်မှာသမီးလေးရဲ့ သွေးစက်တွေကို

ဝိုင်လုပ်သောက်နေတဲ့ ဘုရားဒကာကြီးထိုင်နေတယ်

ဘေးပတ်လည်အမှောင်တောထဲ ငိုညည်းသံများလဲကြားနေရတယ် ။

ငါ့သမီးလေး ငါ့သမီးလေး လို့အော်ပြီး အမေလဲကျသွားတော့

အဖေက ထရံပေါက်က ချောင်းကြည့်ပြန်တယ် ။ဒီလိုနဲ့ မိသားစုတွေ တယောက်တလှည့် …

ဒီ ထရံပေါက်လေးက မခွာနိုင်ခဲ့ဘူးတဲ့။တကယ်တော့ တပြည်လုံးရင်ထဲမှာ အဲဒီလို အပေါက်လေးကိုယ်စီနဲ့ ။

Credit