Local News

Wireless Broadband နဲ့ Wifi စက်တွေကိုသာ ပိတ်ဖို့ ညွှန်ကြားခြင်းဖြစ်ကြောင်း တာဝန်ရှိသူ အတည်ပြု

Wifi လိုင်းများပါ ထပ်မံပိတ်ဖို့အတွက် စစ်ကောင်စီညွှန်ကြား

မြန်မာနိုင်ငံရှိ လက်ရှိအသုံးပြုနေတဲ့ Wireless Broadband Data Service စနစ်ဖြင့်

ဝန်ဆောင်မူပေးနေသည့် အင်တာနက်ဝန်ဆောင်မူများအားလုံးကို ယနေ့မှစပြီးနောက်ထပ်ညွှန်ကြားချက်

တစ်စုံတစ်ရာ မရှိမခြင်း ပိတ်ထားရန် ပို့ဆောင်ရေးနှင့်

ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ထားကြားကြောင်း သိရသည်။

ဒါပေမယ့် ခုလိုညွှန်ကြားချက်နဲ့ပတ်သက်သက်ဆိုင်ရာကုမ္ပဏီများမှာ

တစ်စုံတစ်ရာ ထုတ်ပြန်ချက်မထုတ်သေးဘူးလို့ သိရပါတယ်။

Wireless Broadband နဲ့ Wifi စက်တွေကိုသာ ပိတ်ဖို့ ညွှန်ကြားခြင်းဖြစ်ကြောင်း တာဝန်ရှိသူ အတည်ပြု

မြန်မာနိုင်ငံရှိ အင်တာနက်ဝန်ဆောင်မှုတွေထဲက ဖုန်းဆင်းကဒ်နဲ့ အင်တာနက်အသုံးပြုခြင်းကို

စစ်ကောင်စီက ပိတ်ခိုင်းခဲ့အပြီး WirelessBroadband စက်တွေနဲ့ အင်တာနက်ပေးတဲ့ စနစ် ဝန်ဆောင်မှုကို

ထပ်မံပိတ်ဖို့အတွက် ဧပြီလ ၁ ရက်နေ့မှာ ထပ်မံ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

ဆက်သွယ်ရေးအော်ပရေတာတစ်ခုရဲ့ တာဝန်ရှိသူက ဆက်သွယ်ရေး ဝန်ကြီးဌာနက

ညွှန်ကြားလာတာမှန်ကန်ပြီး ဒီနေ့ကစပိတ်ခိုင်း တာဖြစ်သလို နောက်ညွှန်ကြားတာမရှိဘူး

ပြန်မဖွင့်ရဘူးလို့ ညွှန်ကြားလာတာဖြစ်တယ်လို့ ပြော ပါတယ်။

2600MHz လှိုင်းနှုန်းအသုံးပြု၍ သော်လည်းကောင်း၊ Wireless Broadband Data Service စနစ်ဖြင့်

ဝန်ဆောင်မူပေးနေသည့် အင်တာနက်ဝန်ဆောင်မူများအားလုံးကို ပိတ်ဖို့ ညွှန်ကြားခဲ့တာလို့ သိရပါတယ်

Credit