Local News

နေပြည်တော်ရဲ့ အကြီးဆုံးသောမြို့တော်ဝန်ရေကစားမဏ္ဍပ် ဖျက်သိမ်းခြင်းမရှိ ဆက်လက်တည်ဆောက်

နေပြည်တော် မြို့တော်ဝန် ရေကစားမဏ္ဍပ်

ဆက်လက် တည်ဆောက်နေ

သင်္ကြန်ပွဲတော် ဆင်နွဲရာတွင် အသုံးပြုသည့်

နေပြည်တော်၏ အကြီးဆုံးမဏ္ဍပ်ဖြစ်သော

နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန်

ရေကစားမဏ္ဍပ်ကို နေပြည်တော်ကောင်စီက

ဆက်လက် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

ယင်းမြို့တော်ဝန် မဏ္ဍပ်ကို ပြန်ဖျက်နေသည်ဟု

လူမှုကွန်ရက် စာမျက်နှာများတွင်

သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယနေ့ နံနက်

မတ်လ ၃၀ ရက်နေ့အထိ ဆက်လက်

တည်ဆောက်နေဆဲ ဖြစ်ပြီး မဏ္ဍပ်တည်ဆောက်မှု

လုပ်ငန်းများ တဖြည်းဖြည်း ပြီးစီးလာပြီ ဖြစ်သည်။

ထိုမဏ္ဍပ်သည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ

မြို့တော်ခန်းမ အရှေ့တွင်တည်ရှိပြီး

ကြံ့ခိုင်ရေး အစိုးရလက်ထက်NLD အစိုးရ

လက်ထက်များတွင် နှစ်စဉ်တည်ဆောက်၍

နိုင်ငံတော် အကြီးအကဲများ အစိုးရထိပ်ပိုင်း

အရာရှိကြီးများက ယင်းမဏ္ဍပ်သို့

လာရောက် ရေကစားလေ့ ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် သင်္ကြန်ကာလက

မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါ

ပျံ့နှံ့နေသည့် အခြေအနေများကြောင့် တစ်နိုင်ငံလုံး

သင်္ကြန်ပွဲတော်ကို ကျင်းပနိုင်ခဲ့ခြင်း မရှိပေ။

ယခုနှစ်တွင်မူ တနိုင်ငံလုံးတွင် စစ်ကောင်စီကို

ဆန့်ကျင်သည့် ဆန္ဒပြပွဲများ

တစ်နိုင်ငံလုံးတွင် ဖြစ်ပွားလျက်ရှိပြီး

လူရာနှင့်ချီ ကျဆုံးနေသဖြင့် သင်္ကြန်ပွဲတော်

ကျင်းပနိုင်ရေး စီစဉ်နေခြင်းမှာ လက်ရှိအချိန်

ကာလတွင် မေးခွန်း ထုတ်စရာ ဖြစ်နေသည်။

နေပြည်တော် မြို့တော်ဝန် ရေကစားမဏ္ဍပ်

ဆက်လက်တည်ဆောက်နေ

သင်္ကြန်ပွဲတော် ဆင်နွဲရာတွင် အသုံးပြုသည့်

နေပြည်တော်၏ အကြီးဆုံးမဏ္ဍပ်ဖြစ်သော

နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန်

ရေကစားမဏ္ဍပ်ကို နေပြည်တော်ကောင်စီက

ဆက်လက် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

ယင်းမြို့တော်ဝန် မဏ္ဍပ်ကို ပြန်ဖျက်နေသည်ဟု

လူမှုကွန်ရက် စာမျက်နှာများတွင်

သတင်းများ ထွက်ပေါ်ခဲ့သော်လည်း

ယနေ့ နံနက် မတ်လ ၃၀ ရက်နေ့အထိ ဆက်လက်

တည်ဆောက်နေဆဲ ဖြစ်ပြီး မဏ္ဍပ်တည်ဆောက်မှု

လုပ်ငန်းများ တဖြည်းဖြည်း ပြီးစီးလာပြီ ဖြစ်သည်။

ထိုမဏ္ဍပ်သည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ

မြို့တော်ခန်းမ အရှေ့တွင်တည်ရှိပြီး

ကြံ့ခိုင်ရေး အစိုးရလက်ထက်NLD အစိုးရ

လက်ထက်များတွင် နှစ်စဉ်တည်ဆောက်၍

နိုင်ငံတော် အကြီးအကဲများ အစိုးရထိပ်ပိုင်း

အရာရှိကြီးများက ယင်းမဏ္ဍပ်သို့

လာရောက် ရေကစားလေ့ ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် သင်္ကြန်ကာလက

မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါ

ပျံ့နှံ့နေသည်အခြေအနေများကြောင့် တစ်နိုင်ငံလုံး

သင်္ကြန်ပွဲတော်ကို ကျင်းပနိုင်ခဲ့ခြင်း မရှိပေ။

ယခုနှစ်တွင်မူ တနိုင်ငံလုံးတွင် စစ်ကောင်စီကို

ဆန့်ကျင်သည့် ဆန္ဒပြပွဲများ

တစ်နိုင်ငံလုံးတွင် ဖြစ်ပွားလျက်ရှိပြီး

လူရာနှင့်ချီ ကျဆုံးနေသဖြင့် သင်္ကြန်ပွဲတော်

ကျင်းပနိုင်ရေး စီစဉ်နေခြင်းမှာ လက်ရှိ အချိန်

ကာလတွင် မေးခွန်း ထုတ်စရာ ဖြစ်နေသည်။

သတင်းနှင့် ဓာတ်ပုံ ဧရာဝတီ

credit