Local News

မိခင်နှင့် ဖုန်းစကားပြောခွင့်ရရှိရန် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် မေတ္တာရပ်ခံ

မိခင်နှင့် ဖုန်းဆက်သွယ်စကားပြောဆိုခွင့်ပြုရန်

ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ထပ်မံ မေတ္တာရပ်ခံ

မတ် ၂၈ လန်ဒန်

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် ဖုန်းဆက်သွယ်စကားပြောဆိုခွင့်ပြုရန်

သားငယ် Kim က ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် မတ်လ၂၅ရက်နေ့က တွေ့ဆုံရာတွင်

ထပ်မံ မေတ္တာရပ်ခံခဲ့ကြောင်း မြန်မာသံရုံးလန်ဒန်က ကြေညာသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် Kim သည် သံအမတ်ကြီးနှင့် တွေ့ဆုံစဉ်တွင်

အလွန်စိုးရိမ်ပူပန်နေပြီး မိခင်ဖြစ်သူ၏ အခြေအနေနှင့် ကျန်းမာရေးတို့ကို မေးမြန်းစုံစမ်းခဲ့ကာ

မိခင်နှင့် ဖုန်းဆက်စကားပြောဆိုနိုင်အောင် သံအမတ်ကြီးက စီစဉ်ပေးရန်

ထပ်မံ မေတ္တာရပ်ခံခဲ့သည်ဟု ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက သံရုံး၏ လူမှုကွန်ရက်စာမျက်နှာတွင် ပြောဆိုသည်။

မြန်မာသံအမတ်ကြီးက “နေပြည်တော်သို့ စာသုံးစောင် ပို့ခဲ့ပြီးဖြစ်ကြောင်း

နှိုးဆော်စာ နောက်တစ်စောင်ထပ်ပို့မည်ဖြစ်ကြောင်း” Kim အား ပြန်လည်ပြောကြားခဲ့သည်ဟု အဆိုပါ ကြေညာချက်တွင် ပါရှိသည်။

Photo: ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် Kim
Photo Credit– မြန်မာသံရုံး UK

Zawgyi

မိခင်နှင့် ဖုန်းဆက်သွယ်စကားပြောဆိုခွင့်ပြုရန် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ထပ်မံ မေတ္တာရပ်ခံ

မတ် ၂၈ လန်ဒန်

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် ဖုန်းဆက်သွယ်စကားပြောဆိုခွင့်ပြုရန် သားငယ်

Kim က ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် မတ်လ၂၅ရက်နေ့က တွေ့ဆုံရာတွင်

ထပ်မံ မေတ္တာရပ်ခံခဲ့ကြောင်း မြန်မာသံရုံးလန်ဒန်က ကြေညာသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် Kim သည် သံအမတ်ကြီးနှင့် တွေ့ဆုံစဉ်တွင်

အလွန်စိုးရိမ်ပူပန်နေပြီး မိခင်ဖြစ်သူ၏ အခြေအနေနှင့် ကျန်းမာရေးတို့ကို မေးမြန်းစုံစမ်းခဲ့ကာ

မိခင်နှင့် ဖုန်းဆက်စကားပြောဆိုနိုင်အောင် သံအမတ်ကြီးက စီစဉ်ပေးရန်

ထပ်မံ မေတ္တာရပ်ခံခဲ့သည်ဟု ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက သံရုံး၏ လူမှုကွန်ရက်စာမျက်နှာတွင် ပြောဆိုသည်။

မြန်မာသံအမတ်ကြီးက “နေပြည်တော်သို့ စာသုံးစောင် ပို့ခဲ့ပြီးဖြစ်ကြောင်း

နှိုးဆော်စာ နောက်တစ်စောင်ထပ်ပို့မည်ဖြစ်ကြောင်း” Kim အား ပြန်လည်ပြောကြားခဲ့သည်ဟု အဆိုပါ ကြေညာချက်တွင် ပါရှိသည်။

Photo: ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် Kim
Photo Credit– မြန်မာသံရုံး UK

#thevoicejournal
#WhatIsHappeningInMyanmar

#Credit