Local News

အခက်အခဲတွေကြားထဲက ခင်ပွန်းဖြစ်သူရေးသားထားတဲ့ မွေးနေ့ဆုတောင်းစကားလေးကြောင့် ကြည်နူးခဲ့ရတဲ့ ကိုပေါက်ရဲ့ဇနီး

ဒါရိုက်တာ ကိုပေါက်ကတော့  မြန်မာနိုင်ငံရဲ့ လူထုလှုပ်ရှားမှုမှာ  ပြည်သူတွေနဲ့အတူ

တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်ပါတယ် လက်ရှိမှာတော့အခြေ အနေအရပ်ရပ်

ကြောင့်  တိမ်းရှောင်နေရပေမယ့်လည်း  သူ့ရဲ့ လူမှုကွန်

ယက်စာမျက်နှာမှတစ်ဆင့်တော့ Speak out လုပ်ပေးနေတာလည်း  ဖြစ်ပါတယ်။

မိသားစုနဲ့ တကွဲတပြား နေထိုင်နေရတာကို မြင်ပြီး ပရိသတ်တွေကလည်း  စိတ်မကောင်းဖြစ်နေကြတာပါ။

ဒီနေ့ကတော့  ကိုပေါက်ရဲ့ ချစ်လှစွာသော ဇနီးမွေးနေ့ရက်မြတ်လေးပဲ  ဖြစ်ပါတယ်

ကိုပေါက်ကတော့ ဇနီးရဲ့မွေးနေ့ကို အခက်အခဲတွေများစွာကြားထဲက အမှတ် တရမွေးနေ့ဆုတောင်းစာ

လေး ပေးပို့လာခဲ့တာပါ ဒါကတော့”အခက်အခဲတွေကြားထဲက မွေးနေ့ဆုတောင်းလေး ပို့ပေးတဲ့

အိုပါးရေ အရမ်းချစ်တယ်နော် သည်းရေ ဒီနေ့ကျရောက်တဲ့ မွေးနေ့မှာ မင်္ဂလာပါလို့တောင်

နှုတ်ဆက်ခွင့်မရတဲ့ နိုင်ငံအရေးထဲ တို့တွေဝေးနေကြတာ တစ်လနဲ့ရှစ်ရက်ရှိသွားပြီ။

အမှတ်တရနွေဦးပါပဲ သည်းရေ တို့ရဲ့ဝေးကွာမှုက နွေဦးမှာအသက်ပေးသွားကြရတဲ့​

တော်လှန်ရေး မိသား စုတွေရဲ့ဘဝနဲ့စာရင်တော့ သေးသေးလေးပါ သည်းရေ။

ရည်းစားဘဝကနေ မနှစ်ကသည်းမွေးနေ့အထိအနားမှာအတူတူရှိခဲ့ပေမယ့်ဒီနှစ်မွေးနေ့မှာ

အတူတူရှိမနေနိုင်ခဲ့ဘူး Sorry ပါကျန်းမာရေးဂရုစိုက်

ပြီးသား၂ယောက်အတွက်အား တင်းပေးပါလို့တောင်းဆိုပါတယ်။

မတောင်းဆိုလည်းရှိနေပြီးသားဆိုတာသိပါတယ်အရင်နှစ်ကလို  တခြားဆုတွေ

အများကြီးတောင်းပေးမယ့်အစား “အရေးတော်ပုံ

အောင်ပါစေ” ဆိုရင် သည်းလိုချင်တဲ့ဆုနဲ့ပြည့်မယ် လို့ထင်ပါတယ်။

မိုးမကူးခင်ပြန်ဆုံကြမယ်နော် အားလုံးကို ချစ်တယ် သတိရတယ် လွမ်းတယ် သည်းရဲ့

အိုပါး အိုပါးစာလေးကို သားသားတို့ကို ဖက်ပြလိုက်တယ်နော် သားငယ်လေးက မေမေတဲ့သား

ဖေဖေ ပြန်မလာတာကြာပြီနော်တဲ့ အရေးတော်ပုံအောင်ရမည် ” ဆိုပြီး ရေးသားထားတာပါ

ကိုပေါက်ရဲ့ ဇနီးကလည်း ခင်ပွန်းဖြစ်သူရဲ့ မွေးနေ့ဆုတောင်းစာကို ဖတ်ပြီး ကြည်နူးနေတာပါ

အရေးတော်ပုံကြီး အောင်မြင်ပြီး ခွဲခွာနေရတဲ့မိသားစု

တွေ အမြန်ဆုံးပြန်ဆုံနိုင်ကြပါလို့ ဆုတောင်ပေးလိုက်ရပါတယ်နော်။

Credit