Local News

သွေးမတော်သားမစပ်ပေမယ့် ကျဆုံးသွားတဲ့သူရဲကောင်းတေအတွက် ဝမ်းနည်းကြေကွဲစွာပြောပြလာတဲ့ စိုးပြည့်သဇင်း

ပရိသတ်ကြီးတို့ရေ အနုပညာလောကမှာ ဆယ်စုနှစ်ကြာ အောင်မြင်မှုတွေကို ရရှိခဲ့ပြီး

ယနေ့ချိန်ထိတိုင်အောင် ရေပန်းစားအောင်မြင်နေတဲ့
သရုပ်ဆောင်မင်းသမီးချော စိုးပြည့်သဇင်

ကိုတော့ အားလုံးသိကြမယ် ထင်ပါတယ်။

ဘယ်ဇာတ်ရုပ်လာလာ ပီပြင်ပြောင်မြောက်လှတဲ့

သရုပ်ဆောင်စွမ်းရည်တွေကြောင့် ပရိသတ်တွေအားပေး ထောက်ခံမှုကိုရရှိခဲ့ပြီး

အကယ်ဒမီဆုကြီးကိုလည်း ထိုက်ထိုက်တန်တန်ရရှိထားသူလည်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အနုပညာအလုပ်တွေကို ရပ်နားထားပြီးမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့

လူထုလှုပ်ရှားမှုတွေမှာ ပြည်သူဘက်ကနေရပ်တည်နေတာပဲဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုမှာ ပြည်သူ့ အသက်တွေစတေးခဲ့ရပြီးမြင်ရကြားရသူများမှာလည်း

အားလုံးနည်းတူခံစားနေကြရတာပဲဖြစ်ပါတယ်။ဒီအရေးနဲ့ ပတ်သတ်ပြီကလည်း ဘာမှသွေးသား

မတော်စပ်ပေမယ့် အသက်စတေး လိုက်ရတဲ့သူတွေ

အတွက်ခံစားနေရကြောင်း ပြောပြလာတာပဲဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ စိုးပြည့်သဇင်ဟာ သူရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ”ဘာမှသွေးသားမတော်

စပ်ပေမဲ့ ဆုံးရှုံးရမှုတွေအတွက်အရမ်းဝမ်းနည်းခံစားရ

ပါတယ်ပုံတွေမြင်တိုင်းဗီဒီယိုတွေတက်လာတိုင်းမကြည့်နိုင်တော့ဘူး

ကောင်းမွန်တဲ့ဘုံဘဝကိုရောက်ရှိပျော်ရွှင်နိုင်ကြပါစေ”ဆိုပြီး ဆုံးရှုံးလိုက်ရတဲ့

သူတွေအတွက် ဝမ်းနည်းနေရကြောင်း၊ကောင်းမွန်တဲ့

ဘုံဘဝကိုရောက်ရှိကြပါစေကြောင်း ဆုတောင်းပေးလာ

တာကို ပရိသတ်တွေအတွက်ပြန်လည်မျှပေးလိုက်တာပဲဖြစ်ပါတယ်

Credit