Local News

စိုင်းစိုင်းကို အထင်လွဲနေတဲ့ ပရိသတ်တစ်ဦးကိုယ်တိုင် အမှန်တရားကိုဝန်ခံလိုက်တဲ့ စိုင်းစိုင်းရဲ့ အကြောင်

အနုပညာရှင်တစ်ယောက်အနေနဲ့ပြည်သူတွေနဲ့အတူတ စ်တပ်တစ်အားပူးပေါင်းနေတဲ့ စိုင်းစိုင်းခမ်းလိုင်

ကတော့လူထုလှုပ်ရှားမှုတွေမှာနေ့တိုင်းပါဝင်နေတာဖြစ်ပါတယ် ။

စိုင်းစိုင်းခမ်းလိုင်ကလမ်းမပေါ်ထွက်ပြီးတော့လည်းမပင်မပန်းလှုပ်ရှားနေကြတဲ့ပြည်သူတွေအတွက်

စားစရာသောက်စရာတွေကို တစ်နိုင်တစ်ပိုင်လှူဒါန်းသေးတာဖြစ်ပါတယ်။

စိုင်းစိုင်းက ပြည်သူတွေနဲ့တစ်သားတည်းရှိကာ လူအုပ်တွေကြားထဲဝင်ထိုင်ပြီးတော့လည်း လက်ရှိ

အခြေအနေကို ပြတ်ပြတ်သားသားရင်ဆိုင်နေတာဖြစ်ပါတယ်။

စိုင်းစိုင်းကတော့ အခုလိုကာလမှာအကူအညီလိုအပ်နေ

တဲ့သူတွေကိုလည်း တစ်ထောင့်တစ်နေရာကနေ ကူညီဖေးမပေးတာဖြစ်ပါတယ်။

အခုရက်ပိုင်းတွေမှာဆိုရင်လူထုလှုပ်ရှားမှုမှာပါဝင်ရင်း အသက်ပေးသွားကြရတဲ့ သူရဲကောင်း

တွေလည်းအများအပြားရှိနေပြီဖြစ်ပါတယ်ပြည်သူလူထုကတော့ကျ ဆုံးသွားတဲ့လူငယ်တွေရဲ့

မိသားစုကိုတတ်နိုင်သလောက်စောင့်ရှောက်ပေးကြတာဖြစ်ပါတယ်။

ဒီနေ့မှာဆိုရင်စိုင်းစိုင်းက၃.၃.၂၀၂၁)ရက်၊ဗုဒ္ဓဟူးနေ့မှာကျဆုံးသွားတဲ့မော င်မင်းဦးရဲ့ကျန်ရစ်သူ

မိသားစုဆီကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့ပြီး

လိုအပ်တာကိုကူညီထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။

မောင်မင်းဦးကတော့အသက်(၂၁)အရွ ယ်ပဲရှိသေးပြီးအစောဆုံးကြွေလွင့်သွားခဲ့ရလို့ကျန်ရစ်သူမိသားစုနဲ့

ထပ်တူပြည်သူလူထုကဖြည်မဆည်နိုင်​ောင် ဝမ်းနည်းနေကြတာဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလိုင်ကလည်းမြောက်ဥက္ကပ၂ရပ်ကွက်

မှာရှိတဲ့ကျန်ရစ်သူမိသားစုရဲ့နေအိမ်ကိုသွားပြီးအား

ပေးစကားလေးတွေပြောကာဖော်ဖော်ရွေရွေဆက်ဆံခဲ့တာဖြစ်ပါတယ်။

စိုင်းစိုင်းကလည်း အခုလိုကာလမျိုးမှာ တတ်နိုင်တဲ့ဘက်ကနေကူညီပေးပြီး ပြည်သူတွေ

အတွက်အဆင်သင့်ရှိနေတာဖြစ်ပါတယ်။

ကျန်ရစ်သူမိသားစုကလည်းအခုလိုမျိုးနိုင်ငံကျော်

အနုပညာရှင်ကလာရောက်ဖေးမပေးလို့ပို

အားတက်သွားပြီးကိုယ့်မိသားစုဝင်လိုမျိုးငိုယိုရင်ဖွင့်နေတာပဲဖြစ်ပါတယ်။

စိုင်းစိုင်းရဲ့ပရိသတ်တစ်ယောက်ကတော့ကျွန်တော်စိုင်းစိုင်းရဲ့အမာခံပရိတ်သတ်ပါပြီးတော့

သူ့ကိုအရမ်းစိတ် ဆိုးနေတဲ့လူတစ်ယောက်ပါ။

သူနဲ့ပတ်သက်တဲ့ GPတွေအကုန်ထွက်ထားတဲ့အထိစိတ်ဆိုးနေတာပါ။

ဒီနေ့ကျွန် တော်တို့လိုအညတရလမ်းလေးထဲကိုကိုယ်တိုင်ကိုယ် ကျလာလှူပေးလိမ့်မယ်

လို့လည်းမထင်ထားမိတာအမှန်ပါဒါကြောင့်အရမ်းကျေးဇူးတင်ပါတယ်။

သေချာလက်ဆွဲနှုတ်ဆက်ပြီးလည်းစိတ်ဆိုးခဲ့တဲ့အကြောင်းတောင်း ပန်ပါတယ်ဆိုတဲ့အကြောင်း

အခုလိုလမ်းလေးထဲကိုယ် တိုင်လာလှူပေးခဲ့လို့ ကျေးဇူးအရမ်းတင်ရသလို ဆက်ပြီးလည်း

အားပေးသွားပါမယ်လို့လည်းကတိပေးလိုက်ပါတယ်။

သူကလည်း ရပါတယ် ကျွန်တော်လည်းစိတ်မကောင်းတော်တော်ဖြစ်နေပါတယ် ကျွန်တော်တတ်နိုင်တဲ့

ဘက်က လိုက်လှူပေးနေပါတယ်လို့ သူ့ထုံးစံအတိုင်း တရိုတသေကိုပြန်ပြောပါတယ်။

ပြန်ခါနီးတောင်ကျွန်တော့်ကိုတရိုတသေနှုတ်ဆက်သွားရှာပါတယ်ကျွန်တော် ဝန်ခံပါတယ်အခုလို

အပြင်မှာကိုယ်တိုင်မကြုံလိုက်ရရင် သူ့ကိုဆက်ပြီးအထင်လွဲနေဦးမှာပါပဲ သူ့မျက်ဝန်းထဲမှာ

လည်းနီရဲပြီးဝမ်းနည်းနေတာတွေ‌တွေ့ရလိုက်ပါတယ်။အိမ်ရှင်တွေကိုယ်စား ကျွန်တော်တို့တစ်လမ်းလုံး

ကိုယ် စားကျေးဇူးအရမ်းတင်ပါတယ်ဦးဦးစိုင်းစိုင်းခင်မျာမ င်းဦးကောင်းရာသုဂတိကသာဓုခေါ်

ဆိုနိုင်ပါစေဆိုပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်။

credit