Knowledge

အရေးတော်ပုံကြီး အောင်တဲ့အထိ ထမင်းနှင့်အစားအသောက် လှူဒါန်းသွားမည့် ထားဝယ်မြို့က အလှူရှင်မိသားစု

အရေးတော်ပုံ မအောင် မမြင်မချင်း ကျမတို့အိမ်ကနေ ကျွေးမွေးမယ် ဆိုတဲ့ ထားဝယ်မြို့ကအလှူရှင်မိသားစု

တနင်္သာရီတိုင်း လေးမြို့နယ် ပူးပေါင်းပြီး ထား ဝယ်မှာ ဆန္ဒပြ နေကြတဲ့ သူတွေကို

ထမင်းဟင်း အလှူပြုလုပ် သွားမယ်လို့ အလှူရှင် မိသားစုက ပြောပါတယ်။

ဒီလှူဒါန်း ကျွေးမွေး တာကို မြို့တွင်း ရပ်ကွက်က နေအိမ် တခုမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က စတင်ခဲ့တာ ဖြစ်ပြီး

မနက် ၈ နာရီကနေ ည ၈ နာရီအထိ ထမင်းဟင်း အပါအဝင်

ထားဝယ် မုန့်လက်သုပ် ငပိရည်ကျို မုန့်ဖတ် ထမင်းကြော် ခေါက်ဆွဲကြော် စတာတွေကို နေ့စဉ် ကျွေးနေတာလို့

အလှူရှင် ဦးနေဝင်း မိသားစုက ပြောပါတယ်။ အာဏာရှင် စနစ် လုံးဝမလိုချင် တာကြောင့်

အရေးတော်ပုံ မအောင် မမြင်မချင်း ကျမတို့ အိမ်ကနေ ကျွေးမွေးမယ်။ နယ်ကနေ ဆန္ဒပြတဲ့ သူတွေ

စားရေး သောက်ရေး အဆင်မ ပြေတာ ကြားလို့ အခုလို့ လှူဒါန်းဖို့ စီစဉ်တာပါ

အရေးတော်ပုံကြီး အောင်မြင်တဲ့အထိ ကျွေးမွေးပါ့မယ်လို့ ကတိပြုပါတယ် လို့ ပြောပါတယ်။

အခုလို ကျွေးမွေးနိုင်ဖို့ သူတို့ မိသားစု အပြင်        သူ ငယ်ချင်းတွေ အပါအဝင် အလှူငွေ ဝိုင်းဝန်း

ထည့်ဝင်ကြတယ်လို့ အလှူရှင် အမျိုးသမီးက ပြောပါတယ်။ တနင်္သာရီ တိုင်းမှာ

ထားဝယ် သရက်ချောင်း လောင်းလုံးနဲ့ ရေဖြူ ၄ မြို့နယ် ပူးပေါင်းပြီး ထားဝယ်မြို့မှာ နေ့စဉ်အင်အား သိန်းချီ ဆင်နွှဲနေကြတာပါ။

credit