Local News

အဖေ့ဆံပင်ကတော့ပြန်ဖြူလာဦးမှာပဲ ဆေးဆိုးပေးမယ့်သမီးလေးကတော့ အဖေ့အနားမှာမရှိတော့ဘူး” ခုတော့ အသိုက်မြုံတွေပျက်ဆီးကုန်ပြီ

မိန်းကလေးတစ်ယောက်ဖြစ်ပေမဲ့ သူမသတ္တိ ကတော့

ဗိုလ်ချုပ်သတ္တိပါဘဲတကယ် လေး စား စိတ် မ ကောင်းဖြစ်ရပါတယ် ညီမလေး God bless u, R.I.P

ဒီနေ့ကြွေလွင့်ခဲ့တဲ့ Angel က သွေး၊ မျက်ကြည်လွှာ၊ ခန္ဓာတစ်ခုလုံးကို လှူဒါန်းခဲ့

ယနေ့ မန္တလေးမြို့ ၈၄ လမ်းနှင့် လမ်း ၃၀ တွင် ပစ်ခတ်မှုကြောင့် နေရာတင် ပွဲချင်းပြီး

သေဆုံးခဲ့ သော မကြယ်စင်မှာ အသက် (၁၉) နှစ်သာ ရှိသေးတဲ့ မန်းလေး အေးအေးမြင့်ဆံပင်ညှပ်

ဆိုင်က တစ်ဦးတည်းသောသမီးဖြစ်ကြောင်း သိရပါတယ်။

သူမ မသေဆုံးခင်ကသွေး၊ မျက်ကြည်လွှာ၊ ခန္ဓာရဲ့မည်သည့်အစိတ်အပိုင်းမဆို

လှူမည့်အ ကြော င်း သွေးအမျိုးအစားနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်ကို ရေးသားကာ

စာရွက်စာတမ်း နဲ့ဆိုရင်တောင် angel အသက် သေမှာ လှူခွင့်ရမှာ တကယ်လိုအပ်ခဲ့ရင်

angel အသက်မသေလဲ အသေခံပြီး angel လှူပါတယ်လို့ ဖေ့ဘုတ်မှာ ရေးသားထားခဲ့တာကို

တွေ့ရ လို့ ပြည်သူများက လွန်စွာဝမ်းနည်းနေကြပါတယ်။

​ပြောစရာစကားလုံးမရှိ​တော့​အောင် ​ကြေကွဲရပါတယ်။ ငယ်ရွယ်သွက်လက်တဲ့ဆရာမမို့

အရမ်းနှ​မျောရပါတယ်။ ​ကောင်းကင်ဘုံမှာ ငြိမ်းချမ်းစွာ အနားယူပါညီမဆရာမ​လေးရယ်။

ဆရာမတို့သင်တန်းမှဆရာ၊ဆရာမများအားလုံးနှင့်​

သင်တန်းသား/သူများအားလုံးမှ မိသားစုနှင့် အတူ

ထပ်တူထပ်မျှ ​ကြေကွဲဝမ်းနည်းဂုဏ်ယူပါတယ်။

မျက်ရည်များစွာဖြင့် ကျွန်တော်တို့အမြဲသတိရဆုတောင်းပေးပါ့မယ်။

ဒီအဖေမှာဒီသမီးလေးတစ်ယောက်ပဲရှိတာအဖေ့ရဲ့

ကမ္ဘာလေး‌တဲ့ခုတော့အသိုက်မြုံတွေ ပျက်ဆီးကုန်ပြီ

credit