Local News

စစ်အာဏာရှင်နှင့် ဆက်စပ်သောအနုပညာအလုပ်တွေ မလုပ်တော့ဟု ဖွေးဖွေး နှင့် ပိုပို ဒဲ့ပြောလိုက်ပြီ

စစ်အာဏာရှင်နှင့်ဆက်စပ်လုပ်ငန်းများနှင့် အနုပညာလှုပ်ရှားမှုမလုပ်တော့ဟု အနုပညာရှင်အချို့ကြေညာ

စစ်အာဏာရှင်များနှင့် ဆက်စပ်သည့် လုပ်ငန်းများနှင့် အနုပညာလှုပ်ရှားမှုများ လုပ် ဆောင်တော့မည်

မဟုတ်ကြောင်း အနုပညာရှင်အချို့က ဖေဖော်ဝါရီ ၁၆ ရက်တွင် ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်များမှ ကြေညာလိုက် သည်။

ကျွန်မ ဖွေးဖွေး သည် ဒီနေ့ဒီအချိန် ဖေဖော်ဝါရီ ၂၀၂၁ ကစ၍ စစ်အာဏာရှင်များနှင့် ဆက်စပ်တဲ့

မည်သည့်စီးပွားရေးလုပ်ငန်းကိုမှ ကြော်ငြာပေးခြင်းပြုလုပ် သွားမှာမဟုတ်သလို စစ်အာဏာ ရှင်များ

နှင့် ဆက်စပ်သော ထုတ် လုပ်ရေးများနှင့်လည်း မည်သည့် အနုပညာလှုပ်ရှားမှုကိုမှ ပူးပေါင်း

လုပ်ဆောင်တော့မည်မဟုတ်ပါ ကြောင်း ဖွေးဖွေး၏ ပေ့ချ်၌ ကြေ ညာသည်။

ဝန်ထမ်းအားလုံးအတွက် လေးစားဂုဏ်ယူပြီး သရုပ်ဆောင် အလုပ်လုပ်သည့် ပြည်သူတစ်

ယောက်အနေဖြင့် တတ်နိုင်သည့်ဘက်က ပါဝင်ခြင်းဖြစ်သည်ဟု ၎င်းက ရေးသားထားသည်။

ထို့အတူ အဆိုတော် ပိုပိုက လည်း ကျွန်မ ပိုပိုသည် ဒီနေ့ ဒီ အချိန် ဖေဖော်ဝါရီ ၂၀၂၁ ကစ၍

စစ်အာဏာရှင်များနှင့် ဆက်စပ် တဲ့ မည်သည့်စီးပွားရေးလုပ်ငန်း များရဲ့ Show ပွဲများတွင်

သီချင်းဆို ဖျော်ဖြေပေးခြင်းပြုလုပ်သွားမှာ မဟုတ်သလို စစ်အာဏာရှင်များ နှင့် ဆက်စပ်သော

FM Radio များနှင့် မည်သည့်ရုပ်သံလိုင်းများမှာ ကျွန်မရဲ့ သီချင်းများ Music Videoများကို

ထုတ်လွှင့်ခွင့် မပေးတော့ ပါကြောင်း မည်သည့်အနုပညာ လှုပ်ရှားမှုကိုမှ ပူးပေါင်းလုပ်

ဆောင်တော့မည် မဟုတ်ပါ ကြောင်း ကြေညာခဲ့သည်။

ပြီးခဲ့သည့်ရက်ကလည်း သရုပ်ဆောင် ခင်ဝင့်ဝါက စစ်အာဏာရှင်များနှင့် ဆက်စပ်သည့် လုပ်ငန်းများ

နှင့် အနုပညာလှုပ် ရှားမှုများ ပြုလုပ်တော့မည် မဟုတ်ကြောင်း ကြေညာခဲ့သည်။

credit