Local News

လတ်တလောဖြစ်ပေါ်နေသော လူထုလှုပ်ရှားမှုတွင်ပြည်သူတွေအတွက်စားစရာမုန့်အချို့ဝေပေးကာပါဝင်အားဖြည့်ခဲ့တဲ့ သင်ဇာ

သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ခေတ်အဆက်ဆက် ပရိသတ်တွေရဲ့

အားပေးမှုတွေများစွာကို သိမ်းပိုက်ရရှိထားတဲ့ ပြည်သူချစ် အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

ပရိသတ်တွေအပေါ်မှာလည်း အမြဲစေတနာထားပြီး အရေးကြုံလာရင်လည်း ပြည်သူတွေနဲ့အတူ

တစ်သားတည်းရပ်တည်ပေးနေတဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။

သူမရဲ့ မှန်ကန်တဲ့ လုပ်ရပ်တွေကြောင့်လည်း အားလုံးရဲ့ ချီးကျုးမှုတွေကိုရရှိထားတာလည်း ဖြစ်ပါတယ်။

သင်ဇာဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ

လည်း တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။

မကြာသေးခင်ရက်ပိုင်းတွေကလည်း အဓိဌာန်ဝင်ကာ

မြန်မာပြည်ငြိမ်းချမ်းစေရန် ကုသိုလ်ကောင်းမှုတွေ

ပြုလုပ်နေပြီး သူမပြုလုပ်တဲ့ အလှူတွေကိုလည်း

၇ ရက်သားသမီးအပေါင်းအန္တရာယ်ကင်းဘေးရှင်းကြပါစေဆိုပြီး ဆုတောင်းပေးထားတာလည်း ဖြစ်ပါတယ်။

မနေ့ညကလည်း သင်ဇာဝင့်ကျော်ရဲ့ Facebook Story

မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ လတ်တလောဖြစ်ပေါ်နေသော လူထု

လှုပ်ရှားမှုတွင်ပြည်သူတွေအတွက်စားစရာမုန့်

အချို့ဝေပေးကာပါဝင်အားဖြည့်ခဲ့တဲ့ သင်ဇာဝင့်ကျော်ရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။

သူမကလည်း မြန်မာပြည်ကြီးအမြန်ဆုံးအေးချမ်းပါစေ

ဆိုပြီး ရေးသားထားတာလည်း ဖြစ်ပါတယ်။

Source and Photo Crd-Thin Zar Wint Kyaw’s Facebook Account