Local News

မန္တလေးမြို့မှာပြည်သူ ပရိသတ်တွေနဲ့အတူ တစ်သားတည်း ရပ်တည်ပြီး ပါဝင်လှုပ်ရှားလာတဲ့ မြင့်မြတ်

ပရိသတ်ကြီးတို့ရေ များပြားလှတဲ့ပြည်သူပရိသတ်တွေ

နဲ့အတူ အနုပညာရှင်တွေ လမ်းပေါ်ထွက်ပြီး

လူထုလှုပ်ရှားမှုတွေ ပြုလုပ်နေကြတာဟာ ဒီကနေ့ဆို

ရင် ၄ရက်မြောက်နေ့ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်နော်။

ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ် တည်လှုပ်ရှား

နေကြတဲ့ နာမည်ကျော်ထိပ်တန်းအနုပညာရှင်တွေ

ထဲမှာလည်း ပြည်သူတွေနဲ့အတူလိုက်ပါဖို့အတွက်

အားလုံးကမျှော်လင့်နေတဲ့ ဆယ်လီတွေထဲက တစ်ဦး

ဖြစ်တဲ့ မြင့်မြတ်တစ်ယောက်ပါဝင်လာခဲ့တာကိုလည်း တွေ့ရပါတယ်

မန္တလေးမြို့မှာ လူထောင်သောင်းမကများပြားလွန်းတဲ့

ပြည်သူတွေနဲ့ အတူပါဝင်လှုပ်ရှား လာခဲ့တာဖြစ်

ပြီး မြင့်မြတ်နဲ့အတူ ကေညီနဲ့ ညီထွဋ်ခေါင်တို့ကလည်း

ပါဝင်လာကြတာလည်း ပရိသတ်တွေတွေ့မြင်ကြရမှာပါနော်။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ်  မြင့်မြတ်

တို့သူငယ်ချင်းတွေဟာ အခုလို ပြည်သူလူထုနဲ့အတူ

တစ်သားတည်း ပါဝင်လှုပ်ရှားလာခဲ့တဲ့အတွက် အားလုံ

ကလည်း ကျေနပ်သဘောကျနေကြတာလည်း တွေ့ရပါတယ်..။

မန္တလေးမြို့မှာ ပြည်သူတွေနဲ့ထပ်တူ ငြိမ်းချမ်းစွာ

ဆန္ဒထုတ်ဖော်နေပါတယ် ခင်ဗျာ. ဆိုပြီးတော့

ပြည်သူလူထုနဲ့အတူ ပါဝင်လှုပ်ရှားခဲ့တဲ့ပုံရိပ်လေးတွေ

အပြင် ဗီဒီယိုဖိုင်လေးကိုလည်း အများ

ပြည်သူပရိသတ်တွေကို ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်

မြင့်မြတ်တို့ သူငယ်ချင်းတွေဟာ လမ်းပေါ်ထွက်ပြီး

လက်သုံးချောင်းထောင်ကာ ပြည်သူတွေနဲ့အတူ

ရပ်တည်ခဲ့ကြတာကိုလည်း ပြည်သူပရိသတ်တွေက

အားပေးချီးကျူးနေကြတာလည်း တွေ့ရပါတယ်နော်..။

Credit

သတင်းအရင်းမြစ်: Myint Myat’s Fb Page