Local News

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကြီးအား လူဦးရေအကန့်သတ်ဖြင့် ဖူးမြော်ခွင့်ရပါပြီ

ဖေဖော်ဝါရီ ၈ ရက် မနက်ဖြန် မှစတင်ကာ ​

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကြီးကို လူဦးရေ အကန့်အသတ်ဖြင့်

တက်ရောက်ဖူးမြော်ခွင့်ပြုမည်

တောင်ပေါ်ဒေသဖြစ်၍ အချိန်ကန့်သတ်မထားကြောင်း သိရပါသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုး

စေတီတော်မြတ်ကြီးကို ဖေဖော်ဝါရီလ ၈ ရက်နေ့မှစပြီး တစ်နေ့လျှင်လူဦးရေ ၅၀၀ နှုန်းဖြင့်

တက်ရောက် ဖူးမြော်ခွင့်ပြုသွားမည်ဟု စေတီတော် ဂေါပကအဖွဲ့၀င် ရင်ပြင်တော်တာ၀န်ခံ ဦးအေးသိန်းကပြောသည်။

မနေ့က ကျိုက်ထိုမှာ ပြည်နယ်အဆင့်တွေရော ခရိုင်အဆင့်တွေရော ဘုရားဂေါပကအဖွဲ့တွေ ရော

တောင်တက်အသင်းတွေရော အားလုံး အစည်းအဝေးလုပ်တယ်။ မနက်ဖန်မှာဖွင့်ပါမယ်။

ကိုဗစ်ညွှန်ကြားချက် ၃၃ ချက်နဲ့အညီ ဖူးမြော်ခွင့်ပြုဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။

လက်ရှိမှာလည်း အလှည့်ဂေါပကအဖွဲ့က ဖွင့်လှစ်တဲ့အခါ ဘုရားဖူးလာသူတွေ အသင့်ဖူးမြော်နိုင်အောင်

ဘုရားပရဝုဏ်အတွင်း အားလုံးအသင့် ဆောင်ရွက်ထားပါတယ်။ လူဦးရေအနေနဲ့ကတော့ ၅၀၀ ဦး

သတ်မှတ်ထားပါတယ်။ ပိတ်ချိန်ရယ်လို့ သတ်မှတ်လို့တော့မရပါဘူး ဟု ဦးအေးသိန်းက ပြောသည်။

ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီးကို တောင်ပေါ်ဒေသဘုရားဖြစ်သည့်အတွက် အခြား

ဘုရား စေတီများကဲ့သို့ အချိန်ကန့်သတ် ၍ မရ ကြောင်းနှင့် ကိုဗစ်စည်းကမ်းအရ လူဦးရေသာ ကန့်သတ်ခွင့်ပြု ထားကြောင်းသိရသည်။

ဘုရားပြန်လည်ဖွင့်လှစ်သည့်အခါ ကေဘယ်လ်ကား လုပ်ငန်းများ စျေးဆိုင်ခန်းများနှင့်

တည်းခိုမည့်ဟိုတယ် များကိုလည်း ကိုဗစ်စည်းကမ်း ချက်နှင့်အညီ ဖွင့်လှစ်ဆောင်ရွက်ဖို့ ညွှန်ကြားထားကြောင်း သိရသည်။

ကျိုက်ထီးရိုစေတီတော်မြတ်ကြီးကို နှစ်စဉ် အောက်တိုဘာလ သီတင်းကျွတ်လပြည့်နေ့မှ

မေလ ကဆုန်လပြည့်နေ့အထိ ဗုဒ္ဓပူဇနိယပွဲတော်ကာလ ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး အနယ်နယ်

အရပ်ရပ်မှ ဘုရားဖူး ပြည်သူ သောင်းနှင့်ချီ တက်ရောက် ဖူးမြော်ကြကြောင်း သိရသည်။

Credit