Local News

ရန်ကုန် CDMမှာ ပါဝင်လို့ နေရေးစားရေး အခက်အခဲ ဖြစ်သွားတဲ့ ပြည်သူ့ဝန်ထမ်း အချို့ကို နေရာထိုင်ခင်း စီစဉ်ပေးသွားမယ့် တေးသံရှင် Rဇာနည်

ရန်ကုန် CDMမှာ ပါဝင်လို့ နေရေးစားရေး အခက်အခဲ

ဖြစ်သွားတဲ့ ပြည်သူ့ဝန်ထမ်း အချို့ကို နေရာထိုင်ခင်း စီစဉ်ပေးသွားမယ့် တေးသံရှင် Rဇာနည်

ရန်ကုန်မှာ Civil Disobedience Movementမှာ ပါဝင်

လို့ နေရေးစားရေ အခက်အခဲ ဖြစ်သွားတဲ့ ပြည်သူ့

ဝန်ထမ်းအချို့ကို နေရာထိုင်ခင်း စီစဉ်၍ ပြင်ဆင်ဆောင် ရွက်ပေးနေပါပြီ ။

ကြားဖြတ်ဝမ်းသာစရာ ပြောရမယ်ဆိုရင် နေပြည်တော်

မှာ အိမ်,ခြံ,တိုက် ၅လုံးထက်မနည်း စိတ်ကြိုက်သုံးဖို့ ပေးလှူလာကြပါတယ် ။

မန္တလေးမှာလဲ အိမ် ၇လုံးထက်မနည်း ပေးလှူလာကြပါတယ် ။

ပြီးတော့ မကွေးမှာလဲ အိမ်အလှူ ပေါ်လာခဲ့ပါပြီ ။

ပြည်သူကို ပြည်သူက စောင့်ရှောက်တာ ဝမ်းသာမျက်ရည် ကျရပါတယ် ။

အချို့ဝန်ထမ်းတွေကျတော့လဲ ကျနော်တို့ ဝန်ပိမှာစိုးလို့

Civil Disobedience လုပ်ပြီး အဆင်ပြေသလို နေကြပါတယ် ။

အလှူငွေ(ငွေကြေး) များကိုတော့ (လုံးဝ)လက်မခံသေးပါ ။

ကျနော်တို့ အိမ်,အခန်းတွေ ငှါးရင်သာ စျေးလျှော့ပေးခြင်းဖြင့် ကူညီနိုင်ပါတယ်။

ဒီလှုပ်ရှားမှုဟာ ပြည်သူထဲက ပြည်သူတွေဖြစ်တဲ့

အနုပညာသမားများ ပရဟိတအဖွဲ့များမှ ဦးဆောင်

တာဆိုပေမယ့် ပြည်သူ့အတွက် ပြည်သူက ဦးဆောင်တာပါ ။

စီးပွားရေးလုပ်ငန်းရှင်ကြီးများရဲ့ အခန်းလွတ် အိမ်/ခြံများ၊ တိုက်ခန်းများ လ,အကန့်အသတ်ဖြင့်

ပေးသုံးမယ်,လှူကြမယ်ဆိုရင်တော့ဝမ်းသာစွာလက်ခံပါမယ်ခင်ဗျာ ကိုယ်ထူကိုယ်ထလုပ်ကြမယ်

ဆိုရင်လဲ ကျနော်တို့ပါဝင်ဖို့ အသင့်ပါခင်ဗျာ” Civil Disobedience Movementမှာ မတရားမှုကိုဆန့်ကျင်

သော ပြည်သူ့ဝန်ထမ်းများအား နိုင်ငံရေး၊ စီးပွားရေးအနုပညာရေး အလွှာစုံမှပြည်သူများက ကူညီ

စောင့်ရှောက်ကြပါစို့ ဝန်ထမ်းတွေ နီးရာဓားကြောက်နေ

ရရင် ဓားမရှိတဲ့ဘက်မှာ ရပ်တည်လိုက်ပါ ဒေါ်အောင်ဆန်းစုကြည်။

Crd