Local News

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပြီဆိုတဲ့သတင်း ကောလဟလသာဖြစ်

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပြီဆိုတဲ့သတင်း ကောလဟလသာဖြစ်

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်

ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့ သတင်းဟာ

ကောလဟလသာဖြစ်ပြီးသတင်းမှားဖြစ်တယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နေပြည်တော်ခရိုင်

ဥက္ကဋ္ဌဦးမင်းသူကအတည်ပြုပါတယ်။

ဒီကောလဟလဟာမနေ့ညပိုင်း၁၀ နာရီလောက်က

ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာတာဖြစ်ပြီးလူထုကြားမှာပြန့်နှံ့ခဲ့တာပါ။

ဒါပေမယ့်ဒီသတင်းဟာကောလဟလဖြစ်တယ်လို့ဒီချုပ်ကဆိုပါတယ်။

သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်ရဲအတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာတပ်မတော်က

အာဏာသိမ်းတဲ့ဖေဖေါ်ဝါရီ ၁ ရက်မနက်အစောပိုင်းမှာထိန်းသိမ်းခံခဲ့ရတာပါ။

အဲ့ဒီနောက်မှာတော့သမ္မတဟာသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅

ဒေါ်အောင်ဆန်းစုကြည်ကိုတော့ပို့ကုန်သွင်းကုန်ဥပဒေ

ပုဒ်မ ၈ နဲ့ အမှုဖွင့်ခံထားရတာ ဖြစ်ပြီး ဖေဖေါ်ဝါရီလ

၁၅ ရက်အထိချုပ်ရမန်ယူထားတာဖြစ်ပါတယ်။

ဒီအမှုကိုထုချေဖို့အတွက်ဒီချုပ်ပါတီဗဟိုအလုပ်မှု

ဆောင်အဖွဲ့ရဲ့ တာဝန်ပေးချက်အရ တရားလွှတ်

တော်ရှေ့နေ ဦးခင်မောင်ဇော်က လိုက်ပါဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ

ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့

ဥပဒေကြောင်းအရ တောင်းခံထားတယ်လို့ တရား

လွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောထားပါတယ်။

Credit