Local News

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ခြံအမှတ် (၃၃) မှာရှိနေ၊ ကျန်းမာရေးကောင်းမွန်

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ခြံအမှတ် (၃၃) မှာရှိနေ၊ ကျန်းမာရေးကောင်းမွန်

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်

ခြံအမှတ် (၃၃) မှာရှိနေ၊ ကျန်းမာရေးကောင်းမွန်

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်ရှိ အစိုးရတာဝန်ရှိသူတွေကိုထားတဲ့

နေပြည်တော် ခြံအမှတ် (၃၃) မှာရှိနေပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ NLD ဗဟိုပြန်ကြားရေး တာဝန်ခံ

ဦးကြည်တိုးက Duwun ကိုအတည်ပြုပြောကြားပါတယ်။

ဒီကနေ့ မွန်းလွဲ (၂) နာရီခွဲမှာ အတည်ပြုပြောကြားခဲ့

တာဖြစ်ပြီး နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်လည်း

ခြံအမှတ် (၃၄)မှာရှိနေပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ ဦးကြည်တိုးက ဆိုပါတယ်။

ဒါ့အပြင် ဦးဝင်းထိန်လည်း ကျန်းမာရေးကောင်းမွန်ပြီး ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာ မသိသေး

ကြောင်း၊မိသားစုနဲ့တော့ အဆက်အသွယ်ရှိကြောင်း ဦးကြည်တိုးက အတည်ပြုပြောကြားခဲ့ပါတယ်။

အန်ကယ် ဦးဝင်းထိန် ကျန်းမာရေးကောင်းပါတယ်။

ထားတဲ့နေရာပဲ ကျွန်တော်တို့ မသိသေးတာ မိသားစုနဲ့ အဆက်အသွယ်ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အိမ်နံပါတ် (၃၃) မှာ ရှိပါတယ်။

ဒေါက်တာမျိုးအောင်က အိမ်နံပါတ် (၃၄) မှာ ရှိပါတယ်။

နှစ်ယောက်လုံး ကျန်းကျန်းမာမာရှိပါတယ်။ ” လို့ ဦးကြည်တိုးက ပြောပါတယ်။

ဒါပေမယ့် UN ကိုယ်စားလှယ်တွေ ၊ အာဆီယံ ဥက္ကဌ

တာဝန်ရှိသူတွေ မြန်မာနိုင်ငံကို လာရောက်မယ်ဆိုတဲ့ သတင်းပျံ့နှံနေတာနဲ့ ပတ်သက်ပြီးတော့

မသိရှိရသေးတာကြောင့် အတည်ပြုပြောကြားနိုင်ခြင်

မရှိဘူးလို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုးက ဆိုပါတယ်

crd.