Knowledge

မိမိတို့နေအိမ်မှာ အရှင်သီဝလိရုပ်ပွားတော် ရှိနေတယ်ဆိုရင် သိထားသင့်သည့် လောကီပညာရပ်များ

မဂ်လာပါ ပရိတ်သတ်ကြီးရေ အိမ်မှာ အရှင်သီဝလိရုပ်ပွားတော် ရှိလျှင်

သိထားသင့်သည့် အရှင် သီဝလိ ရုပ်ပွားတော်၏ လောကီပညာလျှို့ဝှက်ချက်


ဒီတစ်ခါမှာတော့ နေအိမ်တိုင်းမှာ ကိုယ်စီကိုးကွယ်ဆည်းကပ်ထားတဲ့
အရှင်သီဝလိ ဆင်းတုနဲ့ဆက်စပ်တဲ့ လောကီပညာ လျှို့ဝှက်ချက်ထဲကမှ

ယတြာ အစီအရင်ပိုင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လောကီပညာ တြိမဏ္ဍလအတတ်ရဲ့ ဟိတ်ပညာပိုင်းနဲ့ ဓာတ်ပညာအပိုင်းမှာ

အဓိက စီရင်ထုံးကပါရှိတာ ဖြစ်ပါတယ်။
ကဲစီရင်နည်းနဲ့ အကျိုးသွားကို ကြည့်ရအောင်ဗျာ။


သင့်မှာ အကြတ်အတည်းနဲ့ စိတ်ညစ်စရာများတဲ့အခါ
အရှင်သီဝလိ ရုပ်ပွားတော်ထံမှာ စနေနေ့ ည ၉ ၃၀ မှာ

အလင်းတိုင် အဝါနှစ်တိုင်ပူး ကြက်လျှာအနီ ဆယ်လက်ပူဇော်ပါ။
အညံအဆိုးများ စိတ်ညစ်ခြင်းများ ပျောက်ပါမယ်။

ဝင်ငွေ စီးပွားတိုးတက်လိုတဲ့အခါ သောကြာနေ့
မနက်စောစော မှာအရှင်သီဝလိ ကိုယ်တော်ကို ရည်မှန်း၍

အလင်းတိုင် အဖြူနှစ်တိုင်ပူး သစ်သီးဆွမ်းသုံးမျိုး
ကပ်လျှူပူဇော်ဆုတောင်းယူပါ။

မကြာခင် သိသာသော အကျိုးကို ခံစားရပါမယ်။


မျက်နှာပွင့်လန်း ပြောဆိုစကား အောင်မြင်လိုသော်
ဗုဒ္ဓဟူးနေ့ နံနက်စောစောမှာ အရှင်သီဝလိ ကိုယ်တော်ကို ရည်မှန်း၍

ရုပ်ပွားတော်တွင် မီးတိုင်အနီနှစ်တိုင်ပူး သစ်သီးဆွမ်း
ထီးအနီဆယ်လက် ကပ်လျှူပူဇော်ဆုတောင်းယူပါ။

ဖော်ပြပါ အစီအမံတွေက နေအိမ်မှာပူဇော်ထားတဲ့
မည်သည့်အရှင်သီဝလိ ဆင်းတုမှာမဆို ဆောင်ရွက်နိူင်ပါတယ်။

အရေးကြီးတစ်ခုအနေနဲ့ အစီအမံ မဆောင်ရွက်ရသေးခင်
ဘုရားဝတ် ပြု သီလယူပြီး ရုပ်ပွားတော် ရှေ့မှာ

မန္တန် သုံးဆယ့် ခုနစ်ခေါက် ရွတ်ရပါမယ်။


မန္တန်ကတော့ ဥုံ သီဝလိစ မဟာနာမံ ဘဝဿတိ။ပါ
အစီအမံနဲ့ စီရင်ထုံးတွေက မပြီးသေးပါဖူး။ ကျန်ပါသေးတယ်။

ရက် ၂၀ လုပ်ငန်းစီးပွားနဲ့ ဆိုင်တဲ့ကိစ္စတွေမှာ
ဝင်ငွေဝင်ဖို့ထူးခြားစေဖို့အတွက် အရှင်သီဝလိ ရုပ်ပွားတော်ကို

နေ့ရက်မရွေး နံနက် ခုနစ်နာရီမတိုင်မီ
မနက်စောစောမှာ ယိုသုံးမျိုး ယပ်တစင်း ကပ်လျှူပါ။

နေ့စဉ် ဝတ်ပြုဆုတောင်းပြီး သတ္တဝါတိုင်းအား မေတ္တာပို့ပါ။
ရက်နှစ်ဆယ် အတွင်း ထူးခြားပါလိမ့်မည်။


ဘုန်းတော်သာဘိ သီဝလိ အပတ်စဉ် ဗုဒ္ဓဟူးနေ့နံနက်
ခုနစ်နာရီနဲ့ သောကြာ နေ့နံနက် ခုနစ်နာရီတို့မှာ

အရှင်သီဝလိ ဆင်းတုရှေ့၌ မီးတိုင် အနီနှစ်တိုင်ပူး

ရေချမ်းနှစ်ခွက် ကပ်လျှူ၍ ကိုယ်တော်တိုင်ကြွဖို့ ပင့်လျှောက်ပြီး
မိမိတို့ ဆန္ဒရှိသော ဆွမ်းခဲဘွယ်ဘောစဉ်တို့ကို ကပ်လျှူပါက

ဘုန်းတန်ခိုးကြီးခြင်း ပြောဆိုစကား အောင်မြင်ခြင်း
မိမိအား အံမတုနိုင်ခြင်းစသော အကျိုးကျေးဇူးကို ခံစားရပါမယ်။


အေးချမ်းစေဖို့ ဘုန်းတော်ခို ကိုယ်စိတ်နှစ်ပါး
အေးချမ်းလိုတဲ့အခါ အပူသောကများ ငြိမ်းလိုအခါ

လက်ရှိဖြစ်နေတဲ့ အခက်အခဲများပြေလိုတဲ့အခါ
တနင်္ဂနွေနေ့ရဲ့  ညနေ ခြောက်နာရီမှာ မီးတိုင်အဖြူနှစ်တိုင်ပူး

အောင်သပြေညွှန့် နှစ်ခိုင် ယပ်နှစ်စင်း တို့ကို ကပ်လျှူ၍
ဘုန်းတော်ရိပ်ကြောင့် အေးချမ်းဖို့ရန်ကို ဆုတောင်းယူပါ

မကြာခင် သိသာထင်ရှားပါလိမ့်မည်။ ဖော်ပြပါ အစီအမံတွေက
နေအိမ်မှာပူဇော်ထားတဲ့ မည်သည့် အရှင်သီဝလိရုပ်ပွားတော်


မှာမဆို လုပ်ဆောင် နိူင်ပါတယ်။အရေးကြီးအနေနဲ့
အစီအမံမဆောင်ရွက်မီ ဘုရားဝတ်ပြူသီလယူပြီး

ရုပ်ပွားတော်ရှေ့မှာ မန္တန် သုံးဆယ့်ခုနစ်ခေါက်ရွတ်ရပါမယ်။
မန္တန်ကတော့ ဥုံ သီဝလိစ မဟာနာမံ ဘဝဿတိ။ ပါ

Credit