Local News

ရဲတပ်ဖွဲ့ဝင် ညီအကိုနှစ်ယောက်ရဲ့ သတ္တိကတော့ ပြည်သူကိုချပြလိုက်ပြီ

စစ်အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်​​

ကြောင်း လူမူ့စာမျက်နှာပေါ်မှာ

စာမျက်နှာပေါ်မှာ ထုတ်ဖော်ရေးသားခဲ့တဲ့ ဧရာဝတီတိုင်း ကြံခင်းမြို့နယ်က ရဲတပ်ဖွဲ့ဝင်

ညီအစ်ကိုနှစ်ဦး ဖေဖော်ဝါရီလ ၃ ရက် မနေ့က ဖမ်းဆီးခံလိုက်ရပါတယ်။

ရဲတပ်သားသူရိန်လင်းနဲ့ ဒုတပ်ကြပ် တာရာလင်းတို့ နှစ်ဦးဟာ ညပိုင်း တာဝန်ချိန်ကျချိန်အတွင်း အဖမ်း

ခံလိုက်ရတာလို့ ဖခင်ဖြစ်သူ ကြံခင်းမြို့နယ် လိုင်းကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန့်စင်က ပြောပါတယ်။

သားတွေက ဝန်ထမ်းတွေ ဆိုတော့ တာဝန်ကျတယ်။ တာဝန်ကျတာနဲ့ သူတို့ကို ဂျူတီချိန်မှာပဲ

မနေ့ညက ဖမ်းလိုက်တာ လို့ ဦးသန့်စင်က ပြောပါတယ်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ညမှာ ဖမ်းဆီးခံရစဉ် ရဲတပ်သားသူရိန်လင်းက သူ့ရဲ့ Facebook စာမျက်နှာ

ကတဆင့် စက္ကန့်ပိုင်းကြာ တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါတယ်။

ကျနော်တို့ ညီအကိုနှစ်ယောက်လုံးကို အခုလာဖမ်းပြီး အချုပ်ထဲ ထည့်နေတယ် ကျနော်တို့နိုင်ငံမှာ

အာဏာရှင်ဟာ လူပါးဝနေတယ်၊ အာဏာရှင် ကျဆုံးပါစေ ဆိုပြီး ရဲတပ်သား

သူရိန်လင်းက အဲ့ဒီဗီဒီယိုမှာ ပြောထားပါတယ်။သားနှစ်ယောက်နဲ့ ပတ်သက်ပြီး ဦးသန့်စင်က ဒီစစ်

အုပ်ချုပ်ရေးကို လက်မခံလို့ ကျနော့်သားအကြီးကောင်က အလုပ်ကနေ ထွက်လိုက်တယ်။

သားအငယ်ကောင်ကလည်း ပြည်သူကကျွေးထားတဲ့ ထမင်းကိုစားနေတာ

စစ်အာဏာရှင်ကို အလုပ်အကျွေးပြုဖို့
မဟုတ်ဘူး။ ဒီစစ်အုပ်ချုပ်ရေးကို လက်မခံကြောင်း

သူတို့ Facebook မှာတင်တာ သူတို့လူငယ်တွေရဲ့ တုံ့ပြန်မှုပဲ။ ပြည်သူတွေရဲ့ ဒီမိုကရေစီအရေး

အတွက် ဖိနှိပ်မှုအားလုံးကို အသက်နဲ့ ခန္ဓာရှိသမျှ ကာကွယ် စောင့်ရှောက်သွားမယ်လို့ အဓိဌာန်ပြုပါ

တယ်လို့ တင်တာနဲ့ ကျနော့်သား နှစ်ယောက်လုံးကို ဖမ်းထည့်လိုက်တာပဲ လို့ပြောပါတယ်။

ဦးသန့်စင်ကိုယ်တိုင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်ကနေ ဖေဖော်ဝါရီလ ၂ ရက်နေ့ က နုတ်ထွက်ထားတယ်လို့ ဆိုပါတယ်။

Credit