Knowledge

လက်တစ်ဖက်တည်းနဲ့ ပျားတွေကို နေရာရွေ့ပေးနေတဲ့ ထူးဆန်းလွန်းတဲ့ လူသား

ပျားမွေးမြူရေး လုပ်သားကတော့ သူ့လက်မောင်းတစ်ဝိုက်
ပျားတွေ ပတ်လည်ဝိုင်းနေပေမယ့် အေးအေးလူလူပဲ


လမ်းလျှောက် သွားနေခဲ့တာပါ တကယ်တော့ ပျားမွေးမြူရေး လုပ်သားဟာ
ပျားအုံကို သေတ္တာထဲ သွားထည့်မှာ ဖြစ်ပါတယ်။

ထူးခြားတာက ပျားတွေဟာ သူ့ကိုဝိုင်းမတုပ်ကြဘဲ သူ့လက်မောင်းတစ်ဝိုက်
ပြွတ်သိပ်ခဲပြီး လိုက်ပါ လာခဲ့တာပါ။ အဆိုပါ ပျားမွေးမြူရေး လုပ်သားကတော့

သူ့ကိုပျားတွေက သူတို့ သခင်မှန်းသိတဲ့ အတွက်ကြောင့် မကိုက်ဘူးလို့ဆိုပါတယ်။
၎င်း ပျားမွေးမြူရေးလုပ်သား ဟာ ပျားဘုရင်မကို လက်သီးဆုပ်ထဲထည့်

သယ်လာတာ ဖြစ်ပါတယ် သူတို့ ဘုရင်မက လက်သီးဆုပ်ထဲမှာရှိတဲ့အတွက်
အခြားလုပ်သား ပျားတွေကလည်း ဝန်းရံပြီး လိုက်ပါလာကြတာပါ။


ပျားတွေဟာ ပျားဘုရင်မ အသစ်ရတဲ့အခါ အရင်နေတဲ့ ပျားအုံနေရာပျက်စီး
သွားတဲ့အခါ ပျားပန်းခတ်ကြပါတယ်။ ဒီအခါမှာ ပျားအုံတစ်ခုလုံးက

ပျားတွေဟာ ကြောက်ရွံ့နေကြပေမယ့် ပျားဘုရင်မကိုကာကွယ်ရင်း
အိမ်သစ် ရှာရတာမို့လို့ ၎င်းတို့ဟာ ရန်မလိုဘဲ ကျိုးနွံစွာရှိနေပါတယ်။

ပျားဘုရင်မက အသက် ခြိမ်းခြောက် မခံရသရွေ့ ကျန်တဲ့ပျားအုပ်ကြီးဟာ
ပျား ဘုရင်မ နောက်ကိုပဲ လိုက်ကြပါတယ်။ပျားတွေဟာ ပျားမွေးမြူရေး လုပ်သားရဲ့

လက်သီးဆုပ်ထဲ ရောက်နေတဲ့ ပျားဘုရင်မရဲ့ အနံ့ကိုသိကြပါတယ်။
တကယ်လို့ ပျားဘုရင်မက သူအန္တရာယ်ရှိတယ်လို့ ခံစားမိရင်


အကူအညီတောင်းတဲ့ အနံ့တစ်မျိုးကို လွှတ်ထုတ်ပါတယ်။
ဒါပေမဲ့လည်း လက်ရှိအခြေအနေ လက်သီးဆုပ်ထဲမှာနေရတာ လုံခြုံနွေးထွေးတယ်လို့

သူမခံစားမိတဲ့ အတွက် ပျားတွေဟာ ပျားမွေးမြူရေးလုပ်သားကို အန္တရာယ်မပြုဘဲ
လိုက်လာကြတာ ဖြစ်တယ်လို့လည်း နားလည်သူတွေ ပြောစကားအရ သိရပါတယ်။
Credit