Local News

ကလေးတွေကို ဂရုစိုက်ကြပါနော် ဒီကလေး အသက်မရူံးသင့်ပဲ ​ဆုံးရူံးရပြန်ပြီ

ပဲဆီ က ဘယ်လိုသေစေတာလဲ ရှင်းပြမယ်။

ကလေးလေး တွေဟာ အကြောင်းအမျိုးမျိုးကြောင့် ‘တက်’ တတ်ပါတယ်။

ရောဂါကြောင့်ဖြစ်ဖြစ် အဖျားကြီးလို့ဖြစ်ဖြစ် တက် တဲ့

အခါ လူကြီးမိဘတွေက တက် နေတဲ့ ကလေး

လေးကို အတက်ကျအောင်ဆိုပြီး လုပ်မိလုပ်ရာ အစုံလုပ်ကြပါတော့တယ်။

တချို့တွေ မြန်မာဆေးနည်းဆိုပြီး ပါးစပ်ထဲ စပါးကြီးသည်းခြေ ထိုးထည့်တယ်။

ငယ်ထိပ်ကို မှုတ်တယ်။ခြေတွေ လက်တွေ ချိုးတယ် နှိပ်တယ်။

တခြားဒေသတွေတော့ မသိဘူး။ မြိတ်မြို့က လူကြီး

တွေကတော့ ပါးစပ်ထဲ ပဲဆီလောင်းထည့်ကြတယ်။

ပအုန်းရည် ရှာလကာရည် ဆား သကြား အချိုမှုန့်ရည် လောင်းထည့်တယ်။

ကြက်ချေးတွေ ပြာတွေ လောင်းထည့်တာလဲ‌ရှိတယ်။ ပြောမယုံ ကြုံမှသိ အစုံကိုလုပ်ကြတာ။

အဲလိုလုပ်တဲ့သူတွေကလဲ စာမတတ်တဲ့ဆင်းရဲသား

မိဘကနေ ဘွဲ့ရပညာတတ်ကျောင်းဆရာမ တွေပါ ပါတာနော်။

မိဘကိုယ်တိုင်ကနေ အဖိုးအဖွား အိမ်နားနီးချင်းတွေ ပါပါတာ။

ထဲက ကံဆိုးရှာသူ ကလေးလေး ပါးစပ်မှာ ပဲဆီတွေနဲ့မည်းနေတာ တွေ့မှာပါ။

ကိုယ်ကတော့ အဲလိုတွေ့လိုက်ကထဲက သွားပြီဆိုတာ ၈၀% လောက်သေချာနေပြီ။

အဲ့သလောက်ကို အံတိုနေပြီ။ကလေးမိဘများ

ကိုပြောချင်တာက ကလေးတွေကို လက်တည့်မစမ်းကြပါနဲ့။

ဆရာ၀န်နဲ့ တွေ့ခွင့်ပေးလိုက်ပါ။ ရောဂါကြီးကြီးမားမား

ကြောင့်ဆုံးသွားရတာ မဟုတ်ပဲ အဲလို ပဲဆီထည့်လို့ ဆုံးရတာ မတန်လွန်းလို့ပါ။

ဆေးခန်းပြဖို့ ပိုက်ဆံ မတတ်နိုင်ရင်လဲ အစိုးရဆေးရုံမှာ ၂၄ နာရီလုံး အလကားလာပြလို့ရနေပါတယ်။

ကလေးမွေးထားရင်လဲ ကလေးကျန်းမာရေးနဲ့ ပတ်သက်လို့ ဗဟုသုတရှိအောင်လုပ်ကြပါ။

သူငယ်နာကျမ်းနဲ့ ပေါက်က‌ရတွေ မလုပ်ကြပါနဲ့။

ကလေးဆရာ၀န်ကြီးတွေ ရေးထားတဲ့စာအုပ်တွေ ပေ့ချ်တွေ အများကြီးရှိပါတယ်။ ဖတ်ကြပါလို့။

ဘိတ်မြို့က လူကြီးမိဘတွေကိုလဲ ပဲဆီ ပအုန်းရည်‌‌ကို ကိုက်ကြေးကိုက်ကြော်တဲ့နေရာမှာပဲ သုံးကြပါ။

ကလေးပါးစပ်ထဲမထည့်ကြပါနဲ့ ပဲဆီထည့်လို့သေရတဲ့ ကလေးတွေ များပါပြီ လို့ပြောချင်ပါတယ်။

ကလေးလေးက အသက်မပါလာဘူး အမေရယ် လို့နောက်ထပ်မပြောပါရစေနဲ့တော့။

အလုပ်နဲ့ပတ်သက်တာတွေ ဖေ့စဘွတ်ပေါ်မတင်ဖို့

ဆုံးဖြတ်ထားသော်လည်း ခနခန ရင်နာရ‌တဲ့ကိစ္စမို့လို့ စာအရှည်ကြီးရေးတင်ပါတယ်။

Credit