Knowledge

အစစ်မတွေက ပွစိပွစိနဲ့ နားငြီးလို့ အရုပ်မလေးနဲ့ အာဝါဟဝိဝါဟ လုပ်လိုက်တဲ့ လူပျိုသိုးကြီး

ထိုင်းက လူပျိုကြီးဘဝ ကံဆိုးပေမယ့် ဟောင်ကောင်ကလူပျိုကြီးကတော့
ဒေါ်လာ ၁ သောင်းတန် ဆီလီကွန်အရုပ်မနဲ့ လက်ထပ်လိုက်ပါပြီ


ဖြစ်ပုံက ဤသို့နှယ် ဟောင်ကောင်က လူပျိုကြီးကတော့
နာငြီးသက်သာအောင် ဘဝတစ်သက်သာအတွက်

သူတစ်ယောက်ထဲကိုဘဲ ထာဝရချစ်စေဘို့ မိန်းမအစစ်ထက်သာတဲ့
အလှပဂေး ဆီလီကွန်အရုပ်မလေးကို အာဝါဟ ဝိဟာဟ

လုပ်လိုက်တဲ့ သတင်းလေးကို ဗဟုသုတအဖြစ်
ဘာသာပြန် ရေးသားလိုက်ပါတယ်ဗျ။


ချင်ထျင့်လုံ ဆိုတဲ့အသက် ၃၆ နှစ်အရွယ် လူပျိုသိုးကြီးက
ပြီးခဲ့လက သူနဲ့ ၂ နှစ်တာတွဲလာခဲ့တဲ့ ဆီလီကွန်ရာဘာအရုပ်မလေးနဲ့

သူ့ဘဝရဲ့ တစ်သက်တာကြင်ယာ အဖြစ်လက်ထပ်လိုက်ပါပြီတဲ့
သူ့ဘဝအတွက် စိတ်ချမ်းသာမှုတွေပေးပြီး ထားရာမှာနေ

လိုရာပုံသွင်းလို့ရတဲ့ မိန်းခလေးဖြစ်လို့ သူကျေနပ်မိပါတယ်တဲ့။
အရေးကြီဆုံး အချက်ကတော့ သူ့အတွက် နားငြီးသက်တယ်ဆိုဘဲ

သူရဲ့ပြောပြချက် အရတော့ လွန်ခဲ့တဲ့နှစ်များစွာက ဆီလီကွန်အရုပ်မလေးတွေ
ရောင်းတဲ့ ဆိုင်ရှေ့ကလမ်းဖြတ်လျှောက်မိတိုင်း အရပ်မလေးတစ်ရုပ်ဟာ


သူ့ရဲ့ တည်ငြိမ်နေတဲ့နှလုံးသားကို တဆတ်ဆတ် ဆွဲလှုပ်ခါရမ်းလိုက်သလို
ချစ်ခင် စုံမက်မိခဲ့တယ်လို့ ဆိုပါတယ် ။ ဒါပေမယ့်လည်း စျေးကမိုးထိ

မြင့်မားနေတာမို့ မြင်သာမြင် မကြင်ရတဲ့ဘဝနဲ့ သူ့ရဲ့ လိုချင်တက်မက်မှု
စွဲလမ်းစိတ်ကို ချွန်းအုပ်လို့ထိန်းခဲ့ပါတယ် ၂၀၁၉ ခုနှစ်နှစ်မှာတော့

အင်တာနက်ကနေ အထူးလျှော့စျေးနဲ့ ရောင်းချခဲ့တဲ့ အတွက်
အပြေးအလွှား ဝယ်ယူခဲ့ပါတယ် ယခင်က ရာဘာအရုပ်မတစ်ရုပ်ကို

အမေရိကန်ဒေါ်လာ ၁၀၀၀၀ ရှိပါတယ် နောက်တော့အင်တာနက်ကနေ
၁၅၀၀ အထိလျှော့ချခဲ့လို့ ချက်ချင်းဘဲမှာယူဝယ်ခဲ့ပါတယ်။


သူဘာ့ကြောင့် ဆီလီကွန်အရုပ်မလေးကို ဝယ်ခဲ့ရသလဲဆိုတော့
သူ့ကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့မထင်ခဲ့ကြပါဘူး

မျက်နှာနဲ့ ဖုန်းမခွါသလို ဂိမ်းကဆော့လိုက်ပါသေးတယ်။
သူအတွက် အမြဲတမ်းနုပျို လန်းဆန်းနေပြီး သူကတစ်ရက်နဲ့တစ်ရက်

အိုသွားမှာကို စိုးမိပါတယ် ဒါ့ကြောင့်သူ့ကိုအရမ်းချစ်မိပါတယ်
သူ့အတွက်အကောင်းဆုံးဆိုတဲ့ အလှဆုံးအဝတ်အစားတွေ

ဖုန်းကအစ လက်ဆောင်အဖြစ် ဝယ်ပေးခဲ့ပါတယ်။
သူနဲ့ ချစ်တင်းနှောနေတဲ့ အချိန်လည်း သူကအရမ်းချစ်ဘို့ကောင်းတယ်


သူနဲ့နေရတာ ကြည်နူးမိတယ်လို့ဆိုပါတယ်။
ကဲ လောကကြီးက ခေတ်တွေပြောင်းလာပါပြီ

လူပျိုကြီးတွေ ငှက်ပျောတုံးဖက်အိပ်ရတဲ့ ဘဝဆိုတာမရှိတော့ဘူးပေါ့
ကျွန်တော် စဉ်းစားမိတာကတော့ ဖက်ခေါင်းအုံးကြီးဖက် အိပ်ရတာကမှ

တော်ကာကျမလားပေါ့ ဒေါ်လာ ၁ သောင်းရှိမှတော့ ကိုယ်ချစ်တဲ့
အစစ်မလေးနဲ့ ဘဝခရီးလမ်းကိုအတူ ဖြတ်သန်းရဲရမှာပေါ့။

အခုတော့ လူတစ်ကိုယ် စိတ်တစ်မျိုးစီ စိတ္တဇများဆန်နေမလားလို့တွေးမိပါတယ်။
ဆီလီကွန်မရဲ့ အဝတ်အစားတွေကိုယ်ဘဲ လျှော်နေရရင်ဒုက္ခ

ဒီလူပျိုကြီး မိန်းမလည်းမရှိဘဲနဲ့ အမျိုးသမီးအဝတ်အစားတွေ
လာလျှော်တယ် ဟဲ့ ဆိုပြီး ရပ်ကွက်ထဲအတင်းလိုက်တုတ်


ဒေါ်အိအိမိုးလို သူတွေနဲ့တွေ့ရင် ဒုက္ခ။ ဘာဘဲပြောပြော
ဟိုတစ်နေ့က ထိုင်းကလူပျိုကြီးက နယ်စပ်ကနေသွင်းလာတဲ့

သူ့ရဲ့ကြင်ယာတော် အသစ်စက်စက် ဆီလီကွန်အရုပ်မလေးကို
အကောက်ခွန်အရာရှိတွေက သိမ်းဆည်းလိုက်လို့ ကံဆိုးရှာပြီး

ဟောင်ကောင်က လူပျိုကြီးကတော့ လျှော့စျေးနဲ့ ရလို့ သူ့ဘဝလေး
စိုပြေငြိမ်းသွားတယ်ဆိုတော့လည်း ကံကောင်းတာပေါ့နော်

ကျန်တာတွေတော့ မတွေးတော့ မရေးတော့ပါဘူး
မိတ်ဆွေတွေထဲက မကျွတ်မလွတ်သေးတဲ့


လူပျိုကြီး သူငယ်ချင်းတွေရော သူ့ကိုအားမကျကြဘူးလားလို့
Credit