Knowledge

အကြွေးတွေဆပ်ဖို့နဲ့ ဖုန်းအသစ်ဝယ်ဖို့ အတွက် ကလေးငယ်ကို ရောင်းချခဲ့တဲ့ မိခင်

ဖုန်းအသစ်ဝယ်ဖို့နဲ့ အကြွေးဆပ် ဖို့ကို မိမိ၏ ကလေးငယ်ကို

ရောင်းစားပြီး ပြသာနာကို ဖြေရှင်းလိုက်တဲ့ မိခင်


ဖုန်းအသစ်ဝယ်ဖို့နဲ့ အကြွေးဆပ်ဖို့ကို အခြားနည်းလမ်း

အမျိုးမျိုးသုံးပြီး ဖြေရှင်းလို့ရပါတယ်။

သို့ပေမဲ့လည်း မိမိ၏ ကလေးငယ်ကိုရောင်းစားပြီး ပြသာနာကို

ဖြေရှင်းလိုက်တာ ကတော့ လုံးဝမပြုလုပ်သင့်တဲ့ အရာတစ်ခုပါ။

ဒီတစ်ခေါက်မှာ လည်း တရုတ်နိုင်ငံ Cixi မြို့က အသက် 20အရွယ်

မိန်းကလေးဟာ သူမရဲ့ အကြွေးတွေကိုဆပ်ဖို့နဲ့ ဖုန်းအသစ်ဝယ်ဖို့အတွက်


ကြံမိကြံရာ မည်သူမှ မစဉ်းစားဖူးတဲ့ အရာတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။

Ma အမည်ရှိ တဲ့အဆိုပါ မိန်းကလေးဟာ အမွှာကလေးနှစ်ယောက်ကို

ကိုယ်ဝန် ဆောင်ထားရစဉ် ကတည်းက တိတ်တိတ်ပုန်းကိုယ်ဝန်

ရထားခဲ့တာ ဖြစ်သည့်အတွက် သူမ၏မိဘများကို စိတ်ဆိုးဒေါသထွက်စေခဲ့ပြီး

ငွေရေးကြေးရေးနှင့် ပက်သက်ပြီး မိဘထံမှ အကူအညီရရှိခဲ့ခြင်းမျိုး မရှိပါဘူး။

ကလေးတွေ ရဲ့အဖေဖြစ်တဲ့ Wu Nan ဆိုသည့်အမျိုးသားအနားသို့သွားပြီး


ငွေရေးကြေးရေး အကူအညီတောင်းလို့လည်း မရပါဘူး။

ဘာလို့လည်းဆိုတော့ ကလေးတွေရဲ့ဖခင်ဟာ လောင်းကစား အကြွေးတွေနဲ့

ဝိုင်းဝိုင်းလည်နေခဲ့ လို့ပါ အမွှာသားလေးမွေးပြီး တစ်ပတ်အကြာမှာတော့

Ma ဟာသူမရဲ့ သား နှစ်ယောက်ကို ရောင်ချခဲ့ပြီး အကြွေးဆပ်ဖို့

ငွေလုံလုံလောက်လောက် ရရှိခဲ့တဲ့အပြင် သူမအတွက်လည်း

ဖုန်းအသစ် တစ်လုံးဝယ်ခဲ့ပါသေးတယ်။ သို့ပေမဲ့လည်း သူမတစ်ယောက်တည်း

ကလေးရောင်းချလို့ရတဲ့ အမြတ်ငွေကို ရရှိခဲ့တာမဟုတ်ပါဘူး။


ကလေးဖခင်ဖြစ်သူ Wu ကအဆိုပါ သတင်းကိုကြားလိုက်ချိန်မှာတော့

Ma ဆီသို့ အလျင်အမြန်သွားရောက်ပြီး သူ၏လောင်းကစား

အကြွေးအတွက် ပိုက်ဆံပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ကံကောင်းစွာနဲ့ပဲ ရဲ အရာရှိများက ကလေးငယ်တွေရဲ့ မိဘနှစ်ပါးနောက်

ခြေရာခံလိုက်ပြီး နှစ်ယောက်လုံးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ထို့နောက် ကလေးရောင်းချပြီး ရရှိခဲ့တဲ့ပိုက်ဆံတွေအကုန်လုံးကိုလည်း

ကလေးမိဘနှစ်ယောက်လုံးက သုံးဖြုန်းပစ်ခဲ့ပြီဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။


ကလေးငယ်တွေကို ရက်စက်စွာရောင်းချခဲ့တဲ့ မိခင်ဖြစ်သူ Ma ဟာ

ကျွန်မမှာ ပိုက်ဆံတစ်ပြား တစ်ချက်မှမရှိဘူး

ပြီးတော့ အကြွေးတွေနဲ့ပြည့်နှက်နေတယ်။

အဲ့ကြောင့် ကျွန်မဒီလိုလုပ်ရမှာပဲလေ ဆိုပြီးပြောဆိုသွားခဲ့ပါတယ်။

ကလေးငယ်တွေကို ဝယ်ယူခဲ့ကြတဲ့ သူတွေက ရဲအရာရှိတွေကို

တိုင်ကြားခဲ့တဲ့ အတွက် အဆိုပါစုံတွဲကို ခြေရာခံနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။


အမွှာကလေးငယ် နှစ်ယောက်ဟာ ယခုချိန်မှာတော့

ပြန်လည်ဆုံစည်းနိုင်ခဲ့ပြီး Ma ၏ မိဘနှစ်ပါးမှ အဆိုပါ

ကလေးငယ်တွေကို ထိန်းသိမ်းစောင့်ရှောက်ခွင့် ရရှိခဲ့ပါတယ်။
Credit