Local News

နဝကမ္မလှူလည်းလက်မခံ ရဟန်းဝိနည်းနှင့်အညီ နေထိုင်သော နိုင်ငံခြားသားဘုန်းကြီးများ

ဝီနည်းနဲ့အညီနေထိုင်တဲ့ဘုန်းကြီးကိုမှ ကြည်ညိုပါတယ်။

ဝိနည်းနဲ့ညီမှသာလှူချင်ပါတယ်လို့ဖေ့ဘုတ်တစ်လွှားမှ

မကြာခဏ ပြောဆိုတတ် သူများအတွက်သတင်းကောင်းပါးလိုက်ပါတယ်။

တစ်ပါးက အီတလီ-ပါ ၅-ဝါလောက် ရသွားပါပြီ။

ဘုန်းဘုန်းက ဥပဇ္ဈာယ်ဆရာဖြစ်ပါတယ်။

ဥပဇ္ဈာယ်ဆရာဆိုတာ ရဟန်းတစ်ပါးရဲ့ ဖခင်လိုပါပဲ။နောက်တစ်ပါးက ရုရှားနိုင်ငံသားပါ။

နောက်တစ်ပါးက ဂျာမနီနိုင်ငံသား ဖြစ်ပါတယ်။

နောက်တစ်ပါး ကတော့ ဓမ္မဂုဏ်ရောင်မဟာစည်-ကကိုရင်ဗလကြီးပါ။

သူကတော့ နိုင်ငံခြားသားဘုန်းကြီး မမြင်ဖူးတော့ ဦးတွေခဏခဏကုန်းချနေလေရဲ့။

ဒီဝါတွင်းကာလ ဘုန်းဘုန်းရဲ့ကျောင်းမှာ ဝါဆိုဝါကပ်ပြီး

တရားဘာဝနာ စီးဖြန်းအားထုတ်ဖို့ ဒီကနေ့ လာရောက်လျှောက်ထားခွင့်တောင်းကြပါတယ်။

ပိုက်ဆံ လုံးဝ မကိုင်ကြပါဘူး။ငွေလည်း မကိုင်ကြပါဘူး။

စာအိတ်နဲ့လှူလည်း အလှူမခံကြပါဘူး။

နဝကမ္မလှူလည်း လက်မခံကြပါဘူး။

ရဟန်းနဲ့ အပ်စပ်တဲ့ အသုံးအဆောင်ကိုသာ သုံးကြပါတယ်။

ဆွမ်းခဲဖွယ်ဘောဇဉ် များကိုအပ်စပ်အောင်

ပြုလုပ်၍လှူဒါန်းလိုသူများ ဆက်သွယ်နိုင်ပါသည်။

သူတို့က ဖြစ်နိုင်ရင် ဒီကနေ့ပဲ ဘုန်းဘုန်းကျောင်းကိုပြောင်းလာချင်နေကြပါပြီ-တဲ့။

ဒို့ကျောင်းမှာကနေ့တိုင်း ပဲပြုပ်နဲ့ ဟင်းပေါင်းစားနိုင်ပါ့မလားလို့တော့ပြောလိုက်ပါတယ်။

အဆင်သင့် မဖြစ်သေးလို့ ၂၉-ရက်နေ့မှ ပြောင်းရွှေ့လာကြဖို့မှာကြားလိုက်ပါတယ်။

ခက်တာက သူတို့အတွက် သီးသန့် ကုဋီကအခုမှ ကြွေပြားကပ်နေတုန်းပါ။

အားလုံးသာဓုခေါ်နိုင်ကြပါစေ

Credit