Local News

သံဖြူဇရပ်မြို့က သူဌေးကြီးတစ်ဦးမှ မြေယာမဲ့များအတွက် မြေကွက်များ လှူတန်းနေပါပြီ

သံဖြူဇရပ် ဒေသခံ သူဌေးကြီးတစ်ဦးက ၄င်းပိုင်မြေဧက ၈၀ ကို
မြေကွက် ၉၀၀ ကျော်ဖော်ထုတ်၍ မြေယာမဲ့ ပြည်သူများအတွက် ပေးလှူ


မွန်ပြည်နယ် သံဖြူဇရပ်မြို့ ဒေသခံ သူဌေးကြီးတစ်ဦးမှ ၄ပိုင် ရော်ဘာခြံ
မြေဧဏ ၈၀ မှ မြေကွက် ၉၀၀ ကျော်ဖော်ထုတ်၍ ဒေသတွင်း မြေယာမဲ့ပြည်သူတွေကို
ပေးအပ်လှူဒါန်းရန် လျှောက်လွှာများ လက်ခံခဲ့ပြီးဖြစ်သည်ဟုသိရသည်။


မနေ့ကနဲ့ ဒီနေ့ နှစ်ရက်ကို လျှောက်လွှာတွေလက်ခံပြီး ခ်လံ ၉၀၀ ပေးလိုက်ပါပြီး
ချလံရတဲ့ လူတွေက မြေကွက်တွေရပြီးပေါ့ ဘယ်မြေကွက်ရမလဲဆိုတာတော့ မဲနှိုက်ပါမယ်

လာလျှောက်တဲ့ လူတိုင်းကိုပေးပါတယ် ဒါပေမယ့် တစ်အိမ်ထောင်ကို မြေတစ်ကွက်နှုန်းပဲပေါ့
ဆရာတို့အဓိက စီစစ်ရတာက အိမ်ထောင်စုစာရင်း တစ်ခုတည်းကနေ ၂ ယောက် ၃ ယောက်

လာလျှောက်တာမျိုးကိုပဲ စီစစ်ပြီးပယ်ပါတယ် ကျန်တာတွေအားလုံးက ရကြပါတယ် ဟု
မြေယာ ပေးဝေရေးမှာ ကူညီဆောင်ရွက်ပေးနေသူ ဒေါက်တာတင့်အောင်စိုးက ပြောပါသည်။


သံဖြူဇရပ်မြို့ဒေသခံ သူဌေးကြီး ဦးခွေး (ဒေါ်ယိမ်း)တို့မှ သံဖြူဇရပ်မြို့နယ်
စခန်းကြီးကျေးရွာ သံဖြူဇရပ် ဘုရားသုံးဆူကြား ကားလမ်းမဘေးရှိ

ပုံစံ ၇ ကျထားပြီးသား ၄တို့၏ မြေကွက်များပေါ်တွင် အလျှား ၃၅ ပေ အနံ ၇၀ ပေ ရှိသည့်
အိမ်ခြံကွက် ၉၀၀ ကျော်ကို ဖော်ထုတ်၍ လိုအပ်သူများကို ပေးဝေလှူဒါန်းခဲ့တာ ဖြစ်ပါသည်။


အဆိုပါ မြေယာဧက ၈၀ တွင် ဘုန်းကြီးကျောင်းတစ်ကျောင်းကို ဆောက်လုပ်ပေးလျက်ရှိပြီး
ဘုရားစေတီ တစ်ဆူကိုလည်း တည်ထားလျက်ရှိသည်ဟု သိရသည်။

မြေယာပေးဝေရာမှာ စည်ကမ်းချက်အနေနဲ့ မြေကွက်ရရှိသူများသည်
ဆယ်နှစ်နေထိုင်ရမည်ဖြစ်ပြီး ဆယ်နှစ်နေထိုင်ပြီးမှ
မြေပိုင်ဆိုင်မှု စာချုပ်ထုတ်ပေးမှာဖြစ်ပါသည်။


ဆယ်နှစ်မပြည့်မီ လက်လွှဲရောင်းချခြင်း နေထိုင်မူမရှိခြင်း စစ်ဆေးတွေ့ရှိပါက
ပြန်လည်ပြီးသိမ်းဆည်းကာ လိုအပ်သူတွေထံ ထပ်မံပေးအပ်သွားမည်ဟု သိရပါသည်။

ထပ်မှန်၍ ယင်းသူဌေးကြီးကပင် တာပသွန်ကျေးရွာရှိ မြေဧဏ ၁၆၀ နှင့်
ဘုရားသုံးဆူလမ်းဝရှိ မြေဧဏ ၇ ဧဏ ကိုလည်း
လှူဒါန်းမှုပြုလုပ်ရန်စီစဉ်နေသည်ဟု သိရသည်။


#credit