Local News

ချစ်သုဝေကို မိတ်ကပ်ပြင်ပေးရင်းနဲ့ သဒ္ဓါပေါက်လာလို့ ခေတ်သစ်ဖောင်ဒေးရှင်းအတွက် အလှူငွေ (၅) သိန်းလှူဒါန်း ပေးခဲ့တဲ့ မိတ်ကပ်

အများအကျိုးဆောင်တဲ့ခေတ်သစ်ဖောင်ဒေးရှင်းကို

လှူဒါန်းသူတွေများလာတာနဲ့အမျှ ကူညီမှုလည်း ပိုမို

ကျယ်ပြန့်လာခဲ့ပြီး ဒုက္ခရောက်နေတဲ့ဘဝတွေအများ

ကြီးကို အဆင်ပြေတဲ့အနေအထားတစ်ခုထိ ကယ်တင်နိုင်ခဲ့ကြပါတယ်။

မဖွံ့ဖြိုးသေးတဲ့ ဒေသတွေဆီ အရောက်သွားပြီး

အသိပညာတိုးပွားဖို့လုပ်ကြတဲ့ ချစ်သုဝေတို့

ဇနီးမောင်နှံဟာ တကယ်ကို လေးစားထိုက်သူတွေပါ။

ရေတွင်း ရေကန်တွေ စာသင်ကျောင်းတွေနဲ့

စာကြည့်တိုက်တွေလည်းလှူဒါန်းတာကြောင့် နယ်မှာရှိ

တဲ့ကလေးလူကြီးမရွေး စာဖတ်လာနိုင်ခဲ့ပြီး အသိဉာဏ်

တွေဖွံ့ဖြိုးတိုးတက်လာတာ ဝမ်းသာစရာပါပဲ။

ဒီလိုကောင်းမွန်တဲ့လုပ်ရပ်တွေကိုအမြဲတမ်း လုပ်နေတာ

ကြောင့် မိတ်ကပ်မထက်ကလည်း ချစ်သုဝေကို

မီတ်ကပ်လိမ်းပေးရင်း ခေတ်သစ်ဖောင်ဒေးရှင်း

အတွက် စေတနာပါပါနဲ့ ငွေကျပ် (၅) သိန်း လှူဒါန်းခဲ့ပါတယ်။

သူမရဲ့ကြည်နူးစရာအလှူလေးအကြောင်းကိုလည်း

ခေတ်နဲ့သစ်ရဲ့ မေမေTreza ကိုပြင်ပေးရင်း ‌ခေတ်သစ်

ဖောင်ဒေးရှင်းမှာ အလှူငွေ (၅) သိန်းလှူဖြစ်တယ် ဒီငွေ

က အရင်လက live sale တွေရောင်း အပြင်အလုပ်

တွေကရတဲ့ဝင်ငွေထဲက ဖယ်ထားပြီး လှူဖြစ်တာပါ

အလုပ်ခေါ်ကြတဲ့ သူတွေရဲ့ အလှူတခုလိုပါပဲ ပိုက်ဆံ

တွေများများပေါရင် အလှူအများကြီး လုပ်ချင်ပါသေး

တယ် ဆိုပြီး လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။

နောက်လည်းဒီထက်မကလှူဒါန်းနိုင်ပါစေ မထက်ရေ။