Local News

အခုချိန်အထိတိုင်အောင် သားလေးနဲ့အပြိုင် ချောမောခန့်ညားနေဆဲဖြစ်ပြီး လိုက်ဖက်ညီနေကြတဲ့ နေတိုးရဲ့ဖေဖေနဲ့မေမေ

မင်းသားချောလေး နေတိုးကတော့ အကယ်ဒမီဆုသုံး

ဆုတိတိ ရယူထားနိုင်တဲ့ ပရိသတ် အချစ်တော် အနုပညာရှင်ပဲ ဖြစ်ပါတယ် ။

အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲတစ်ဦးအဖြစ်

ရပ်တည်နေတဲ့နေတိုးကပရိသတ်တွေအပေါ်မှာ

လေးလေးစားစားဆက်ဆံပြီး ဖော်ရွေတတ်တာ ဖြစ်ပါတယ် ။

နေတိုးက ယနေ့အချိန် အထိတိုင်အောင်ဆက်လက်

အောင်မြင်နေဆဲဖြစ်ပြီး ကြော်ငြာတွေနဲ့ ရုပ်ရှင်

ဇာတ်ကားကြီးတွေကို မနားတမ်းရိုက် ကူးနေရတာပဲ ဖြစ်ပါတယ် ။

ချောမောခန့်ညားတဲ့ ဥပဓိရုပ်ကို ပိုင်ဆိုင်ထားတဲ့ နေတိုးက

ယောက်ျားပီသပြီး စတိုင်လ်ကျသူ တစ်ယောက်ဆိုရင်လည်း မမှားပါဘူးနော် ။

ဒါကြောင့်လည်း နေတိုးကို မိန်းကလေးပရိသတ်တွေ

တော်တော်များများက အားပေးဝန်းရံနေကြတာ ဖြစ်ပါတယ် ။

နေတိုးက အေးအေးဆေးဆေးနေတတ်ပြီး မိဘနှစ်ပါး

အပေါ်မှာလည်း သိတတ်ရိုသေတဲ့ သားလိမ္မာလေးပဲ ဖြစ်ပါတယ် ။

အခုလည်း နေတိုးက သူချစ်ရတဲ့ဖေဖေ၊မေမေတို့နဲ့အတူ အမှတ်တရပုံလေး ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်

ကျက်သရေရှိပြီး အေးချမ်းပျော်ရွှင်စရာကောင်းတဲ့ နေ

တိုးတို့မိသားစုရဲ့ပုံလေးကို ဒီဇိုင်နာမင်းသက်စံက My Story မှာ တင်ပေးထားတာ ဖြစ်ပါတယ် ။

အခုချိန်အထိ အရွယ်တင်နုပျိုနေဆဲဖြစ်တဲ့ နေတိုးရဲ့

ဖေဖေနဲ့မေမေကတော့ သားလေးနဲ့အပြိုင် ချောမောခန့်ညားနေကြတာ ဖြစ်ပါတယ် ။

ကဲ မြန်မာဝတ်စုံလေးတွေတူညီစွာ ဝတ်ဆင်ပြီး ကြည်နူးစရာကောင်းတဲ့ မင်းသားချော နေတိုးတို့

မိသားစုလေးရဲ့ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Credit