Local News

ယနေ့ကျရောက်တဲ့ မွေးနေ့ရှင်ကတော့ မြန်မာ့ရုပ်ရှင်လောကရဲ့ အအောင်မြင်ဆုံး ဒါရိုက်ကြီးသီဟကျော်စိုး ရဲ့မွေးနေ့

ယနေ့ ၂၁ရက် ၁ လ ၂၀၂၁ မှာ မွေးနေ့ရှင် အဖြစ် ဂုဏ်ပြုဖော်ပြ
ပေးချင်တဲ့ အနုပညာရှင်ကတော့ ရုပ်ရှင်နှင့်ဗီဒီယိုဒါရိုက်တာ သီဟကျော်စိုး ပဲဖြစ်ပါတယ်။


ဦးသီဟကျော်စိုးဟာ မြန်မာ့ရုပ်ရှင်ဒါရိုက်တာကြီး ဒါရိုက်တာ ဘိတ်ကလာတဲ့ငံပြာရည်
ဦးကျော်စိုး ကျော်စိုးရုပ်ရှင် ရဲ့သားဖြစ်ပြီး အောင်မြင်တဲ့ရုပ်ရှင်ဇာတ်ကား များစွာကို

ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ ထုတ်လုပ်သူဒါရိုက်တာ တစ်ဦးလဲဖြစ်ပါတယ်။
ဒါရိုက်တာသီဟကျော်စိုးဟာ စာရေးဆရာဆွေလှိုင်ဦးရဲ့ နာမည်ကျော်

အက်ရှင် ဝတ္ထုများကို ရုပ်ရှင်အဖြစ်အသက်သွင်းခဲ့သူဖြစ်ပြီး
ပထမဆုံးရိုက်ကူးခဲ့ တဲ့ဇာတ်ကားကတော့ အကယ်ဒမီကျော်ဟိန်း

အကယ်ဒမီခင်သန်းနုတို့ပါဝင်တဲ့ ဂျက်မဇာတ်ကားဖြစ်ပါတယ်။


ထိုအခေတ်အခါက ရေအောက်ရိုက်ချက် များဖြင့်ခက်ခက်ခဲခဲရိုက်ကူးခဲ့ရတဲ့

ဂျက်မ ရုပ်ရှင်ဇတ်ကားဟာ အထူးအောင်မြင် ဝင်ငွေစံချိန်တင်ခဲ့တဲ့
ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။ထို့နောက် နာမည်ကျော်


မအေးပွင့်မြင့်မြင့်စန်းလမ်းသုံးဆယ် ဇာတ်ကားကို အကယ်ဒမီနေအောင်
အကယ်ဒမီ ခင်သီတာထွန်း တို့ဖြင့် ရိုက်ကူးခဲ့ရာမှာလည်း ပြသသည့်ပွဲတိုင်း

ရုံပြည့်ရုံရှန် အားပေးခဲ့ကြပါတယ်။ထိုဇာတ်ကားကိုပဲ ယနေ့ခေတ်နာမည်
ကျော်သရုပ်ဆောင်များဖြစ်တဲ့ နေမင်း အေးမြတ်သူတို့ နှင့်
ပြန်လည်ဆန်းသစ်ရိုက် ကူးခဲ့ပါသေးတယ်။


ဒါရိုက်တာ သီဟကျော်စိုးရဲ့အောင်မြင်တဲ့ ရုပ်ရှင်ဇာတ်ကားများအနက်
ထူးခြားတဲ့ဇာတ်ကားတစ်ကားကတော့
မချောလေးယောက်ကိုယ်တစ်ယောက်ရုပ်ရှင်ဖြစ်ပါတယ်။


အကယ်ဒမီကျော်သူ အကယ်ဒမီမေသဉ္ဇာဦး နှင့်မင်းသမီးချော
သုံးယောက်ပါဝင်ထားတဲ့ အဆိုပါရုပ်ရှင်ဟာ မြန်မာ့ရုပ်ရှင်သမိုင်းမှာ

ပထမဆုံး ယနေ့တိုင်မရှိသေးပါ ပထမပိုင်း ဒုတိယပိုင်း
ခွဲပြီး ရုံတင်တဲ့ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။


ပထမပိုင်းရုံတင်ပြီး ၂ ပတ်အကြာမှာ ဒုတိယပိုင်းကို ရုံတင်ပြသခဲ့ပြီး
တပြိုင်တည်းပြသသော အပတ်တွင် ပထမပိုင်းရုံမှ ဒုတိယပိုင်းရုံသို့

ကားစီစဉ်ပေးခဲ့ရသည့် ဇာတ်ကားတစ်ကားအဖြစ် မှတ်တမ်းတင်ခဲ့ရပါတယ်။


ထိုသို့ အောင်မြင်သောရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးခဲ့သော

ဒါရိုက်တာ သီဟကျော်စိုးသည် ယခုအခါ ရတနာကျော်စိုရုပ်ရှင်နှင့်
ဗီဒီယို ထုတ်လုပ်ဖြန့်ချိရေး နှင့်သီဟကျော်စိုးစတူဒီယိုတို့ကို

ထူထောင် ဖွင့်လှစ်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးထုတ်လုပ်လျှက်ရှိပါတယ်။


ဒါရိုက်တာ သီဟကျော်စိုးရဲ့ မျိုးဆက်များဖြစ်တဲ့ တူ တူမ များဖြစ်တဲ့

ရုပ်ရှင်နှင့် ဗီဒီယိုဒါရိုက်တာ ပြည်ဟိန်းသီဟ တည်းဖြတ်နှင့်ဒါရိုက်တာ ကိုရဲခန့်
Founder Owner of Media9 & Studio Imagine(U.K)(London South Bank University)

ရုပ်ရှင်နှင့် ဗီဒီယိုတည်းဖြတ် အောင်လင်းနိုင် (Chief Editor in Media9)
ဒါရိုက်တာချိုဝတ်ရည် Wutyee Food House  Dream Production

ရုပ်ရှင်နှင့် ဗီဒီယိုကြော်ငြာ ကင်မရာမန်း အာကာဟိန်း မဒီရုပ်ရှင်ထုတ်လုပ်ရေး တို့ကလည်း

အနုပညာ အမွေဆက်ခံလုပ်ကိုင်လျှက်ရှိပါတယ်။


ထို့အပြင် ရုပ်ရှင်မျိုးဆက်သစ်များအတွက် ရုပ်ရှင်သရုပ်ဆောင်နှင့် ရုပ်ရှင်ပညာရပ်ဆိုင်ရာ
သင်တန်းများကိုလည်း သင်တန်းဖွင့်လှစ် ပို့ချလျှက်ရှိပါတယ်။

ဒါရိုက်တာ ဦးသီဟကျော်စိုးရဲ့ ယနေ့ရောက်ရှိသော ပျော်ရွှင်စရာမွေးနေ့မှသည်
နောင်နှစ်ပေါင်းများစွာတိုင် သက်ရှည်ကျန်းမာပြီး အောင်မြင်သောရုပ်ရှင်


ဇာတ်ကားများ ဖန်တီးရိုက်ကူးနိုင်ပါစေ ရုပ်ရှင်လောကနှင့်
ရုပ်ရှင်လောကသားများ အကျိုးကို ဒီထပ်ပိုပြီး
သယ်ပိုးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်း ပေးလိုက်ပါတယ်။
#crd