Local News

သူ့ရဲ့အသက် (၂၀) ပြည့်မွေးနေ့လေးမှာ ကိုယ်ချင်းစာစိတ်အပြည့်နဲ့ ပရိတ်သတ်ကို တောင်းဆိုမှုလေးတစ်ခု ပြုလုပ်ခဲ့တဲ့ အိစိကွေ

ဇန်နဝါရီလ ၂၁ ရက်နေ့ ဒီနေ့လေးကတော့ကလေး

သရုပ်ဆောင်ဘဝထဲက ပရိသတ်တွေ အားပေး

ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သရုပ်ဆောင် အိစိကွေးရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ် ။

ဒီနှစ်မွေးနေ့လေးကတော့ အိစိရဲ့ အသက် (၂၀) ပြည့်တဲ့မွေးနေ့လေးဖြစ်ပြီး အိစိတစ်ယောက် အရမ်းကို

လူကြီးဆန်လာခဲ့တယ်လို့ဆိုရမှာပါပရိသတ်ကြီးရေ

အိစိက မွေးနေ့မတိုင်ခင် ဇန်နဝါရီလ ၁၉ ရက်နေ့ထဲက

သူ့ရဲ့မွေးနေ့အတွက် လိုချင်တဲ့ အရာလေးတစ်ခု ကိုတောင်းဆိုခဲ့တာပါ ။

အိစိတောင်းဆိုခဲ့တာလေးကတော့ မွေးနေ့ ဆိုပေမယ့်

လည်း ဒီကာလ မှာ လူတိုင်းအလုပ်မကောင်းကြတဲ့

အတွက် မိဘတွေရော ချစ်ရတဲ့သူရော ချစ်ရတဲ့

ပရိသတ်တွေရော မိတ်ဆွေတွေရော အားလုံးကို

လက်ဆောင်မပေးကြဖို့ အတွက် အားလုံးဘက်က ကြည့်ပြီး တောင်းဆိုခဲ့တာဖြစ်ပါတယ် ။

မွေးနေ့လေးကို သတိတရလေးနဲ့ ဆုတောင်း လုပ်ပေးကြ ၊ အသိအမှတ်ပြုပေးကြရင် ကျေနပ်ပါပြီ

ဖြစ်ကြောင်း နဲ့ မွေးနေ့မှာ အားလုံးနဲ့ ပုံမှန် ချစ်ချစ်ခင်

ခင် နေခွင့်ရရင်ကို တကယ် ကျေနပ်ပါပြီလို့ သူ့ရဲ့ ဆန္ဒလေးကိုရေးသားဖော်ပြခဲ့တာပါ ။

အိစိ ရဲ့ အမာခံပရိသတ်တွေကတော့လူကြီးဆန်ပြီး ကိုယ်ချင်းစာတရားပြည့်ဝတဲ့အိစိရဲ့

စိတ်ဓာတ်လေးကို လေးစား ချစ်ခင်ကြောင်းနဲ့အတူ မွေးနေ့ဆုမွန်ကောင်းလေးတွေ တောင်းပေးခဲ့ကြပါတယ် ။

Credit