Local News

အိန္ဒိယက မှာထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး မြန်မာပြည်ကို ပထမအသုတ် ရောက်ပြီ

အိန္ဒိယကမှာယူထားတဲ့ ကိုဗစ်၁၉ ကာကွယ်ဆေး ပထမအသုတ်

မြန်မာပြည်ရောက်ပြီလို့ ကျန်းမာရေးဝန်ကြီးဌာန အသိုင်းအဝိုင်းကသိရပါတယ်။

ပထမဆုံးရောက်တဲ့ ဆေးတွေကို ရောဂါကူးစက်မှုအနီးစပ်ဆုံးနဲ့

ကူးစက်ခံရမှုအများဆုံးဖြစ်နေတဲ့ ကျန်းမာရေး၀န်ထမ်းနဲ့ Volunteer တွေကို

အရင် စတင်ထိုးပေးမှာဖြစ်ပြီး နောက်ရောက်တာတွေကို

အသက် ၆၅နှစ်အထက်တွေကို ထိုးပေးမယ်လို့ သိရပါတယ်။

ကိုဗစ်၁၉ ကာကွယ်ဆေးတလုံးဟာ အမျိုးအစားလိုက်ပြီး တချို့ဆေးဟာ

လူ ၈ ဦးထိုးလို့ရပြီး တချို့ကတော့ ၁၀ ဦးထိထိုးပေးလို့ရပါတယ်။

ဆေးရဲ့ အကျိုးအာနိသင်ကိုလိုက်ပြီး ပထမထိုးနှံပြီးသူဟာ နောက်ထပ် ၃ ပတ်နေမှ

ဒုတိယအကြိမ်ထပ်ထိုးရမှာဖြစ်သလို တချို့ဆေးကတော့ နောက် ၄ ပတ်နေမှ

ဒုတိယအကြိမ်ထပ်ထိုးရတဲ့ဆေးမျိုးလည်းရှိပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယကနေ ကိုဗစ်ကာကွယ်ဆေး၀ယ်ယူတာအပြင်

CEPI, GAVI နဲ့  WHO တို့ချမှတ်တဲ့ COVAX ကိုဗစ်ကာကွယ်ဆေးအစီအစဉ်နဲ့လည်း

ကိုဗစ်ကာကွယ်ဆေး‌ တွေ မှာယူထားပါတယ်။

တရုတ်နိုင်ငံကလည်း ကာကွယ်ဆေးအချို့ လှူဒါန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့လူနာအရေအတွက်ကို ဇန်နဝါရီ ၂၀ ည ၈နာရီ

ထုတ်ပြန်ချက်အရ ၁၃၅၇၂၁ ဦးရှိခဲ့ပြီး သေဆုံးသူ ၁၉၉၇ ရှိခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန စာရင်းတွေအရ ကိုဗစ်ပိုးကူးစက်ခံရတဲ့

ကျမ္မာရေးဝန်ထမ်းဟာ ၂ ထောင်ကျော်ရှိနေပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့လူနာအရေအတွက်ကို ဇန်နဝါရီ ၂၀ ည ၈ နာရီ

#crd