Knowledge

နေအိမ်တွင်း၌ ဘုန်းကံနိမ့်စေသော လာဘ်ပိတ်စေသော အပြုအမူ အလေ့ထဆိုးများ

(၁) ဘုရားခန်း တွင် လင်မယားနှစ်ယောက် မအိပ်ရ
(၂) ယော က်ျား၏ညာဘက်တွင်မိန်းမ မအိပ်ရ


(၃) နံနက်၄ခွဲမှ၆နာရီအတွင်းတွင် သာသနာ စောင့်နတ်နတ်မင်းကြီးလေးပါးသည်
လူအများ၏ ကောင်းမှုမကောင်းမှုကို ကြည့်ရှုသော အချိန်ဖြစ်သည်။
ထို အချိန်တွင် မေထုန်မှီဝဲမှုကို အထူး ရှောင်ကြဉ်ရမည်

(၄) မိမိ အိပ်သောခုတင်ထက် သို့မဟုတ် အိပ်ရာထက်
မြင့်သောနေရာတွင် ထဘီတန်းမပြုလုပ်ရ။
သားသမီးခေါင်းရင်း မိဘခြေရင်းတွင် မနေရ မအိပ်ရ


(၅) မိမိ အိပ်ရာခင်းနှင့် ပုဆိုးစောင်များကို မိမိအိပ်သော
ခေါင်းအုံးပေါ်တွင် တင်၍မထားရ

(၆) မိမိ‌နေထိုင်ရာထက် မြင့်သော နေရာတွင် ဖျာ မွေ့ရာ
စောင်များ လှမ်းခြင်းမပြုလုပ်ရ

(၇) မိမိအိမ်ရှေ့အပေါက်ဝတွင် မေးကို လက်ထောက်ပြီးမထိုင်ရ မမှိုင်ရ
(၈) မိမိအိမ်ရှေ့တံခါး အပေါက်ဝတွင် ဆံပင်ဖားလားချ၍ သန်းဥ မဆွဲရ

(၉) မိမိအိမ်ရှေ့ တံခါးပေါက်ဝတွင် ကလေးများ မစင်မစွန့်ရ
(၁၀) နံနက်အိပ်ယာထ မင်္ဂလာယူသောအချိန်၌
အော်ဟစ်ဆေးရေးတိုင်းထွာခြင်းမလုပ်ရ


(၁၁) နံနက်စောစောအိပ်ရာထ မျက်နှာသစ်ရာတွင် လည်ချောင်းထဲမှ
သလိပ်များကို မရ ရအောင် အသံကျယ်လောင်စွာပြု၍ မလုပ်ရ

(၁၂) ကျွဲခတ်သော အဝတ် မီးလောင်ထားပြီးသော အဝတ်
လေပြွေဖင့်လွင့်ပါလာသော အဝတ် ကြွက်ကိုက်ထားသော
အဝတ်များကို လူတို့မဝတ်ကောင်းပါ

(၁၃) အိမ်ပေါ်တွင်လမ်းလျှောက်လျှင် ခြေသံပြင်းပြင်းမလျှောက်ရ
အိုးခွက် ပန်းကန်ပစ္စည်းများကို အသံမြည်အောင်ကြမ်းတမ်းစွာ မပြုလုပ်ရ

(၁၄) ထမင်းစားလျှင် ထမင်းပန်းကန်များကို လှည့်၍လှုပ်၍မစားရ
ငြိမ်သက်စွာညီညာစွာ ထားပြီးမှစားရမည် ထမင်းစားခုံကိုလက်ထောက်၍ မစားရ


(၁၅) ထမင်းစား၍သော လည်းကောင်း အခြား အစားစာများစား၍သော
လည်းကောင်းစားရာတွင် ပါးစပ်မှ ပလပ် ပလပ် မည်အောင်
ခွေးများ ထမင်းရည်သောက်သကဲ့သို့ အသံမမြည်စေရ

(၁၆) လမ်းလျှောက်စဉ် ထမင်းနှင့်အခြား စားသောက်ဖွယ်ရာများကို မစားရ
(၁၇) မိမိအိမ်ရှေ့ အပေါက်ဝကို ကျောခိုင်းပြီး မထိုင်ရ

(၁၈) နံနက်စောစောနှင့် ညဘက်များတွင် လက်ဆစ် ခြေဆစ် များ မချိုးရ
(၁၉) နံနက်စောစော နှင် ညဘက် တွင် လေမချွန်ရ


မိမိသိသော အရာလေးများကို ဝေမျှလိုက်ပါတယ်နော်။
#crd