Knowledge

ဆံတော်ရှင် ကျိုက်ထီးရိုး ဘုရားကြီးရဲ့ ထူးခြားလှတဲ့ နေထွက်ပုံနှင့် ကျိုက်ထီးရိုး သမိုင်းအကျဥ်း

မြန်မာနိုင်ငံ၏ ထင်ရှားလှတဲ့ အမွှေအနှစ်တွေထဲက ဆံတော်ရှင် ကျိုက်ထီးရိုး ဘုရားကြီးရဲ့ ကမ္ဘာပေါ်မှာ

ထင်ရှားပြီး ရှားပါးတဲ့ စေတီမြတ်ကြီးတစ်ဆူလဲဖြစ်ပါတယ်။

မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်သည် အရှေ့ရိုးမ

တောင်တန်း အပါအဝင်ဖြစ်သော ပေါင်းလောင်းတောင်

ပေါ်တွင် တည်ရှိ၍မြန်မာနိုင်ငံတွင် တန်ခိုးကြီးသော စေတီတစ်ဆူဖြစ်သည်။

ကျိုက်ထီးရိုးစေတီကိုအစွဲပြု၍စေတီတော်တီရှိရာ
တောင်ကို ကျိုက်ထီးရိုးတောင်ဟုခေါ်ကြသည်။

ကျိုက်ထီးရိုးစေတီ တည်ရှိရာတောင်ထွက်မှပင်လယ်ပြင်ရေအမြင့်ပေ ၃၆၀၀ ခန့်မြင့်သည်။

ကျိုက်ထီးရိုးစေတီတော် တည်နေပုံမှာ အံ့အားသင့်ဖွယ်ကောင်းလှသည်။

ကြီးမား၍ မတ်စောက်သော ကျောက်ဆောင်တစ်ခု၏ အစွန်းတွင် လုံးပတ်ပေ ၅၀ ခန့်ရှိသော ဦးခေါင်း

ပုံသဏ္ဌာန် ကျောက်လုံးကြီးတစ်ခုက ပြုတ်လုတည်းကားတင်၍ နေသည်။

ထိုကျောက်တုံးကြီးပေါ်တွင်မှ ဉာဏ်တော် ၁ ပေခန့် မြင့်သော စေတီတော် တည်ထားသည်။

စေတီတော် တည်ရှိရာ ကျောက်ဆောင်နှင့် ရင်ပြင်တော်

ကို ချောက်တစ်ခု ခြားနေသောကြောင့် သံတံတားငယ်ဖြင့် ဆက်သွယ်ထားရသည်။

စေတီတော်တည်ထားရာ ကျောက်တုံးကြီးသည် လူတစ်ယောက် တွန်းရုံမျှဖြင့် လှုပ်ရှား၏။

ထိုကျောက်တုံးကို တွန်း၍ အောက်ခံကျောက်အကြားသို့ အပ်ချည်ကြိုးကို သွင်းပြီးလျှင် ဆွဲယူနိုင်သည်။

ကျိုက်ထီးရိုးဘုရားသမိုင်းမှာ အလွန်ထူခြားအံဖွယ်ကောင်းလှပါသည် ။

အလွန်ထူးခြားပြီး တန်ခိုးကြီးတဲ့ ကျိုက်ထီရိုးစေတီ

တော်ကို လူတိုင်းလူတိုင်းလိုင်းပေါ်ကနေဖူးမျှော်နိုင်ရန်တင်ပြပေးလိုက်သည် ။