Local News

ဘေဘီမောင်ရဲ့ အချစ်တွေကြောင့် ကျေနပ်ပျော်ရွင်မဆုံးဖြစ်နေတဲ့ သားဂန်း

အမြဲတမ်း အရိပ်တကြည့်ကြည့်နဲ့ အရင်ကထက် ပိုချစ်လာတဲ့

ဘေဘီ့ကြောင့် ကျေနပ်ပျော်ရွှင်နေတဲ့ သားဂန်း


မကြာခင်မှာ ရွှေလက်တွဲတော့မယ့် သားဂန်းနဲ့ ဘေဘီမောင် တို့စုံတွဲလေးဟာ

ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရထားသူလေး တွေပါပဲ။

တစ်ယောက်နဲ့ တစ်ယောက် စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့

လက်တွဲထားကြသူတွေမို့ နှစ်ယောက်တစ်ဘဝလေးကိုလည်း

ထူထောင်ဖို့ အသင့်ဖြစ်နေကြပါပြီ။


အမကြီးအမိရာ ပီပီဘေဘီက မိဘတွေကိုလိုလေသေးမရှိ

တင့်တောင့်တင့်တယ် ထားနိုင်ခဲ့ပြီမို့ ကိုယ်ပိုင်ဘဝမှာလည်း

အချေခြနေနိုင်ဖို့ အတွက် ချစ်ရတဲ့သူနဲ့ လက်တွဲတော့မှာပါ။


မိဘအပေါ်  မိသားစုအပေါ် သိတတ်သူလေးမို့ သူမအပေါ်မှာလည်း

နားလည်မှုရှိရှိနဲ့ ချစ်တတ်တဲ့ ယောကျာ်းကောင်းကို

ဘဝလက်တွဲဖော် အဖြစ်ရခဲ့တာပါ။



သားဂန်းကလည်း ဘေဘီ့ရဲ့ချစ်စကားလေးတွေကို

ခုနောက်ပိုင်း သူမကျတော့ကို အရိပ်တကြည့်ကြည့်နဲ့


နောက်ပြီးပြောသေးတယ် ဗျ တစ်နေ့ထက်တစ်နေ့ မောင့်ကိုပိုပိုချစ်ချစ်

လာတယ်တဲ့ ဒါပေမယ့် ကျတော်ကတော့ သူမထက်ပိုချစ်တယ်ခင်ဗျာ ဆိုပြီး

ကြည်ကြည်နူးနူး ပြောပြလာခဲ့ပါတယ်။


နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်လွန်းလို့ ပျော်စရာမိသားစုဘဝလေးကို

အမြန်ဆုံး တည်ဆောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

#credit