Knowledge

ဗိုလ်ချုပ်အောင်ဆန်း စီးနင်းခဲ့တဲ့ကား ပြု့ပြင်ပြီး၍ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပြန်လည်စီးမည်

ဗိုလ်ချုပ်အောင်ဆန်း စီးနင်းခဲ့တဲ့ကားအား ပြင်ဆင်မွန်းမံမှု ပြီးစီးကာ

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကပြန်လည်စီးမည်


ဗိုလ်ချုပ်အောင်ဆန်း စီးခဲ့တဲ့ Wolseley RC 2874 ကားကို

၂၄၅ ရက်ကြာအချိန်ယူ၍အသေးစိတ်ပြုပြင်မွမ်းမံ ပြီးစီးသွားပြီ ဖြစ်သဖြင့်

သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကပြန်လည် မွမ်းမံပြီး

စီးချင်သည့်အတွက် အသေးစိတ်ပြုပြင် မွမ်းမံပြီးစီးသွားပြီဖြစ်ကြောင်း

Htoo Auto Service မှရေးသားထားသည်။


ဗိုလ်ချုပ်အောင်ဆန်းစီးခဲ့သော Wolseley RC – 2874 ကားအား

နဂိုမူလလက်ရာမပျက် ပြန်လည်ပြုပြင်မှု ပြီးစီးသွားပြီဖြစ်၍

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသော

ရန်ကုန်မြို့ နတ်မောက်လမ်းရှိ ဗိုလ် ချုပ်အောင်ဆန်း နေအိမ်ပြတိုက်သို့ပြန်လည်ပြီး

လွဲပြောင်းပေးအပ်ခဲ့ပြီဖြစ် ကြောင်း သိရသည်။


အဆိုပါ Wolseley ဆိုတဲ့British ကားထုတ်လုပ်ရေးကို ၁၉၀၁ ခုနှစ်မှာ

Vickers နဲ့ Herbert Austin တို့ ပူးပေါင်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး

၁၉၂၁ မှာBritain ၏အကြီးဆုံးသေ ာကားထုတ်လုပ်ရေးလုပ်ငန်းကြီးဖြစ်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းစီးခဲ့သည့် Wolseley RC – 2874 ကားလေးက

Wolseley 18/85 ဖြစ်ပြီး ၁၉၃၈ ခုနှစ်ကနေ ၁၉၄၈ ခုနှစ်အတွင်းမှာ

ထုတ်လုပ်ခဲ့သည့် အမျိုးအစားဖြစ်သည်။


အဆိုပါ Wolseley ကားဟာတံခါး ၄ ချပ်ပါsaloon ကားဖြစ်သလို

2322 cc displacement နဲ့ straight-6 ဆလင်ဒါ ၆ လုံးထိုး အင်ဂျင်ဖြစ်ပြီး

Wheelbase 2654 mm Length 4369 mm Width 1702 mm

Height 1676 mm Weight 1422 kg ရှိပြီးUK မှာ ထုတ်လုပ်ခဲ့ကြောင်းသိရသည်။


ဗိုလ်ချုပ်ကွယ်လွန်ခဲ့တာဟာ ၁၉၄၇ ခုနှစ်ဖြစ်သည့်အတွက်

စစ်ပြီးခေတ် model Wolseley ကားလေးဟာ 1945/46/47

တစ်နှစ်နှစ် ဖြစ်မှာဖြစ်ပြီး RC – 2874 နံပါတ်ကိုတော့ Wolseley World ဆိုတဲ့


ဂျာနယ်ကြီးကနေ RG (Rangoon)registration number 2874 ဆိုပြီး

ကမ္ဘာအနှံ့က Wolseley ကားတွေကိုမှတ်တမ်းတင်ရာတွင်ဖော်ပြထားသည်။

#credit