Local News

ပညာရေး တက္ကသိုလ်တက်ချင်တဲ့ ကျောင်းသား/သူတွေကို ပြေတီဦး ဖောင်ဒေးရှင်းမှ ထောက်ပံ့ပေးမည်

ပညာရေး တက္ကသိုလ်တက်ချင်တဲ့ ကျောင်းသား/သူတွေကို
ပြေတီဦး ဖောင်ဒေးရှင်းမှ ထောက်ပံ့ပေးမယ့်အကြောင်း
သတင်းကောင်း ပါးလိုက်တဲ့ အူဝဲ


ပရိသတ်ကြီးရေ အကယ်ဒမီပြေတီဦးနဲ့ အကယ်ဒမီအိန္ဒြာကျော်ဇင်တို့
ဇနီးမောင်နှံ နှစ်ယောက်ကတော့ အနုပညာလောကမှာ
ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေ ဖြစ်ပါတယ်နော်။


အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံနှစ်ယောက်က အနုပညာအလုပ်တွေကို
အတူတူတွဲလုပ်ကြရင်း ဖူးစာကံကြောင့် နှစ်ယောက် တစ်ဘဝလေးကို
တည်ဆောက် ထားကြတာ ဖြစ်ပါတယ်။


ပြေတီဦးနဲ့အူဝဲတို့မှာ သားတစ်ယောက် သမီးတစ်ယောက်လည်း
ထွန်းကားထားပြီး တည်ငြိမ်အေးချမ်းတဲ့မိသားစုဘဝလေးကို
တည်ဆောက်ထားတာ ဖြစ်ပါတယ်နော်။


အူဝဲနဲ့ ပြေတီဦးတို့ဇနီးမောင်နှံနှစ်ယောက်က ပြေတီဦးဖောင်ဒေးရှင်း ကိုလည်း
တည်ထောင်ထားပြီး ကျောင်းသားတွေကို ပညာသင်စရိတ်
ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်နော်။

အခုချိန်မှာဆိုရင် ပြေတီဦးဖောင်ဒေးရှင်း ရပ်တည်လာခဲ့တာ
နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်ပါတယ်။


အခုဆိုရင်လည်း ပြေတီဦးဖောင်ဒေးရှင်းကနေ (၂၀၂၀-၂၀၂၁)ခုနှစ်အတွက်
ကျောင်းသား ကျောင်းသူများကို ပညာသင်စရိတ်ထောက်ပံ့ပေးဖို့အတွက်

အောက်ပါအတိုင်း သတင်းကောင်းပါးလိုက်တာဖြစ်ပါတယ်နော်။
အူဝဲကတော့ ပြေတီဦးပညာရေး ဖောင်ဒေးရှင်းကနေ

ဖောင်ဒေးရှင်း စတင်တည်ထောင်သည့်အချိန်မှ စပြီး ပညာသင်စရိတ်
အမှန်တကယ်လိုအပ်သူ ဆေးတက္ကသိုလ် စက်မှုတက္ကသိုလ် ဥပဒေ


ကျောင်းသား/သူ များကို နှစ်စဉ်ပညာသင်စရိတ်ထောက်ပံ့ပေးခဲ့ပြီး
ယခု၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ဆေးတက္ကသိုလ် စက်မှုတက္ကသိုလ်

ဥပဒေကျောင်းသား/သူ များအပြင် ထပ်တိုးအနေဖြင့် ပညာရေးတက္ကသိုလ်
တက်ရောက်မည့် ကျောင်းသား/သူ ၂ဦးကို ထပ်တိုး ထောက်ပံ့ပေးမည်ဖြစ်သည့်အတွက်


ပညာသင်စရိတ် လျှောက်ထားလိုသူများ အောက်ပါပုံမှ အချက်အလက်များကို
သေချာစွာဖတ်ပြီး လျှောက်ထားနိုင်ပြီ ဖြစ်ပါကြောင်း
သတင်းကောင်းလေးပါးလိုက်ပါတယ်”ဆိုပြီး ရသားမျှဝေလာတာဖြစ်ပါတယ်။

#crd