Local News

မြန်မာပြည်အတွက် ကိုဗစ်ကာကွယ်ဆေးများကို အိန္ဒိယက ယနေ့ စတင် ပေးပို့တော့မည်

မြန်မာပြည်အတွက် ကိုဗစ်ကာကွယ်ဆေးများကို

အိန္ဒိယက ယနေ့ စတင် ပေးပို့တော့မည်မြန်မာနိုင်ငံသို့ ကိုဗစ်ကာကွယ်ဆေး ရောက်တော့မည်။ မြန်မာအပါအဝင် ၆ နိုင်ငံသို့ကိုဗစ်ကာကွယ်ဆေးများ ပေးပို့ခြင်းအစီအစဥ်ကို ယနေ့စတင်မည်ဖြစ်ကြောင်း အိန္ဒိယက သတင်းထုတ်ပြန်

အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန၏ မနေ့က သတင်းထုတ်ပြန်ချက်အရမြန်မာ၊

ဘူတန်၊ နီပေါ၊ မောလ်ဒိုက်၊ ဘင်္ဂလားဒေ့ရှ် နှင့် ဆေးရှဲလ်နိုင်ငံများသို့ အိန္ဒိယထုတ်ကိုဗစ်ကာကွယ်ဆေးများကို ၂၀.၁.၂၀၂၁ ရက်မှစ၍ ပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။ယင်းနောက် အာဖဂန်နစ္စတန်၊ သီရိလင်္ကာ နှင့် မော်ရစ်သျှ နိုင်ငံများသို့လည်းဆက်လက်ပေးပို့ရန်အစီအစဥ်ရှိကြောင်း၊

ကမ္ဘာအနှံ့ ဖြန့်ဝေပေးပို့သွားမည်ဖြစ်ရာ နိုင်ငံ ၉၀ကျော်သို့ ဖြန့်ဝေမည့် COVAX အစီအစဥ်အပါအဝင်

နိုင်ငံတကာ၏လိုအပ်ချက်များကို ဖြည့်စွမ်းနိုင်ရန် စီစဥ်နေကြောင်း သတင်းရရှိပါတယ်။မြန်မာက အိန္ဒိယ ၏ Serum Institute မှ လူ ၁၅ သန်းစာ Covishield အမည်

ရှိOxford/AstraZenica ကာကွယ်ဆေးအလုံး သန်း ၃၀ ဝယ်ယူရေးစာချုပ်ကို

၂၄.၁၂.၂၀ ရက်ကချုပ်ဆို၍ ၅.၁.၂၀၂၁ ရက်တွင် ကုန်အမှာပို့ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။လေးစားလျှက် crd