Knowledge

2022 မှာ ဖွင့်လှစ်နိုင်ရန်လျာထားတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး မှန်တံတားအပန်းဖြေစခန်

မြန်မာနိုင်ငံရဲ့ ပထမဆုံး မှန်တံတားနဲ့ အပန်းဖြေစခန်းကို ရှမ်းပြည်နယ်မြောက်ပိုင်း

ကျောက်မဲခရိုင် နောင်ချိုမြို့နယ်မှာ တည်ဆောက်နေပြီး

လာမယ့်နှစ်ဖြစ်တဲ့ (၂၀၂၂) ခုနှစ်မှာ ဖွင့်လှစ်နိုင်ဖို့လျာထားတယ်လို့ ချယ်ရီမူဆယ်ကုမ္ပဏီ၏ ဒါရိုက်တာ(အဖွဲ့၀င်)ဖြစ်သူ မလင်းလင်းထက်ဦး က ပြောပါတယ်။

အဲဒီစီမံကိန်းကို လက်ရှိမှာ လမ်းပိုင်းဆိုင်ရာများ စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

ဒီမှန်တံတားစီမံကိန်းကို ဂုတ်ထိပ်တံတားကြီးရဲ့ (၁) ဒသမ (၇၅) ကီလိုမီတာအနီးဝန်းကျင်မှာ စီစဉ်တည်ဆောက်နေပြီး (၁၇) ဧကကျော် ကျယ်ဝန်းသောနေရာမှာ တရုတ်နဲ့ မြန်မာနိုင်ငံက ပညာရှင်တွေ အင်ဂျင်နီယာတွေနဲ့ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

မှန်သားပြင် လျှောက်လမ်းတံတားက အမြင့် (၁၆၀) ပေ၊ အလျား ( ၂၀၀) ပေနှင့် အကျယ် (၁၂၀) ပေ ရှိမယ်လို့သိရပြီး လုံခြုံရေး ကောင်းမွန်မှုကိုအဓိကထားပြီး နို၀င်ဘာမှာ စတင်ဖော်ဆောင်နေပြီဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီမှန်တံတားကြီး ပြီးဆုံးရင် အပန်းဖြေအနားယူစရာတွေ စိတ်လှုပ်ရှားပျော်ရွှင်ဖွယ်ဖန်တီးမှုတွေ သက်တန့်လျှောစီးနဲ့ သဘာ၀နားခိုရန်တဲအိမ်တွေ ပါရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီနေရာကို နေ့စဉ်လည်ပတ်သူဦးရေ (၁၀၀၀) ကျော် ခန့်မှန်းထားပြီး ဒေသခံပြည်သူတွေအတွကအလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်မယ်လို့ မလင်းလင်းထက်ဦး က ပြောပါတယ်။crd