Local News

ကွယ်လွန်သွားခဲ့တဲ့ မိခင်ကြီး (၈) နှစ်ပြည့်အတွက် ချစ်ရတဲ့သူနဲ့ သီလရှင်ကျောင်းမှာနေ့ ဆွမ်းကျွေးမွေးလှူဒါန်းခဲ့တဲ့ စိုးသူ

ကွယ်လွန်သွားတဲ့ မိဘဘိုးဘွားဆွေမျိုး တွေအတွက်

ကျန်ရစ်သူ မိသားစုတွေက ရည်စူးကုသိုလ် ပြုကြတာ

ကြည်နူးစရာကောင်းတဲ့ အလေ့အထတစ်ခုပါ။

ဝါရင့်သရုပ်ဆောင်စိုးသူဟာလည်း ဆုံးပါးသွားတာ (၈)

နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ မိခင်ကြီးအတွက် သီလရှင်

ဆရာလေးကျောင်းမှာ နေ့ဆွမ်းကပ်လှူပြီး ဒါနပြုခဲ့ပါတယ်။

ဘာပဲလုပ်လုပ် အနားမှာချစ်ရ တဲ့သူကအမြဲပါပြီး ပါရမီ

ဖြည့်ပေးတတ်တာမို့ စိုးသူရဲ့ နေ့ရက်တွေဟာပျော်စရာအပြည့်ဖြစ်နေခဲ့ပါ တယ်။

ဘယ်သွားသွား ဘာလုပ်လုပ်အတူတူမို့ ကုသိုလ်ရေး

တွေမှာဆိုရင်လည်း နှစ်ယောက်လုံးတက်ညီလက်ညီပါပဲ။

ဒီလိုစိတ်တူကိုယ်တူ ချစ်သူလေးကိုပိုင်ဆိုင်ထားတာတော့ တကယ့်ကိုကံကောင်းတာပါပဲ။

မိခင်ကြီးအတွက်ရည်စူးကုသိုလ်ပြုခဲ့တဲ့ပုံရိပ်တွေကို ၁၆ဇန်နဝါရီ ၂၀၁၃မှ ၁၆ဇန်နဝါရီ ၂၀၂၁

ကျေးဇူးရှင် မေမေဒေါ်ခင်သူဇာ အတွက် (၈) နှစ်ပြည့်မြောက် ရောက်ရှိချိန် ရည်စူးကုသိုလ်ပြု နေ့ဆွမ်း

အလှူတော် ဆိုပြီး လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။

ပြုသမျှ ကုသိုလ်တွေလည်း မိခင်ကြီးဆီအကုန်

ရောက်ပြီး ကောင်းရာမွန်ရာဘုံဘဝမှာ အေးချမ်းပါစေလို့ ဆုတောင်းပေးပါတယ်။

credit