Knowledge

ပန်းအိုးထိုးတဲ့အခါ ပန်းတွေ ကြာကြာခံနေစေမယ့် နည်းလမ်းများ

ပန်းအိုးထိုးတဲ့အခါ ပန်းတွေကို ကြာကြာခံနေစေမယ့် နည်းလမ်းတွေ ရှိပါတယ်။

အလုပ်စားပွဲမှာ အလှပန်းအိုး ထိုးတာမျိုးဖြစ်ဖြစ်၊ သင့်အိမ်ဧည့်ခန်းမှာ အလှဆင်တာမျိုးနဲ့ ဘုရားမှာ

ပန်းအိုးထိုးပြီး ပန်းကပ် ပူဇော်တဲ့အခါ ပန်းတွေ ခဏလေးနဲ့  ညှိုးနွမ်း ခြောက်သွေ့သွားတတ်လို့ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။

အခုဖော်ပြပေးမယ့် နည်းလမ်းတွေကတော့ ပန်းအိုးထိုးတဲ့အခါ ပန်းတွေ ကြာကြာခံနေစေမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

(၁) ပန်းတွေ ဝယ်လာတဲ့အခါ ရေဆေးပြီး ပန်းအိုးထိုးတာမျိုးကို ချက်ချင်း မလုပ်ဘဲ ပန်းအရိုးရဲ့

အောက်ခြေ ပင်စည်ကို ၂ လက်မခန့် ခပ်စောင်းစောင်းလေး ဖြတ်တောက်ပြီးမှ ထိုးပေးသင့်ပါတယ်။

ဒီလိုပြုလုပ်ပေးခြင်းဟာ ပန်းတွေ ရေစုပ်အား ပိုမိုကောင်းမွန်စေပြီး ကြာကြာခံစေပါတယ်။

(၂) ပန်းအိုးထိုးတဲ့အခါ ပန်းအိုးထဲက ရေနဲ့ အနီးစပ်ဆုံးဖြစ်နေတဲ့ အရွက်တွေကို ခြွေပေးရမှာ ဖြစ်ပါတယ်။

ဒီလို ပြုလုပ်ပေးခြင်းဟာ ရက်အနည်းငယ်ကြာတဲ့အခါ ပန်းအိုးထဲက ရေပုပ်နံ့လို အနံ့မကောင်းတာမျိုး

ကို ဖယ်ရှားပေးနိုင်တဲ့အပြင် ပန်းအရိုးတံ ပုပ်ပြီး အညှိုးနွမ်းမြန်တာမျိုးကိုလည်း မဖြစ်စေနိုင်ပါဘူး။

(၃) ပန်းအိုး ထိုးပြီးတဲ့အခါ အခန်းအပူချိန်ပေါ် မူတည်ပြီး ရေကို ရက်ခြားဆိုသလို ပုံမှန် လဲလှယ်ပေးသင့်ပါတယ်။

ရေလဲတဲ့အခါတိုင်းလည်း ပန်းအရိုးတံကို လိုအပ်သလို ဖြတ်တောက်ပေးသင့်ပါတယ်။

(၄) ပန်းအိုး ထိုးတဲ့အခါ ပန်းအိုးထဲက ရေထဲကို မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာခန့်

ထည့်ပေးခြင်းဟာ ပန်းတွေကို ကြာကြာခံစေနိုင်တဲ့အပြင် ပန်းအိုးထဲကရေတွေ အချိန်ကြာလို့

အနံ့အသက် မကောင်းတော့တာမျိုးလည်း မဖြစ်စေနိုင်ပါဘူး။

(၅) ပန်းတွေ ကြာကြာခံစေမယ့် နောက်ထပ် နည်းလမ်းကောင်းတခုကတော့ ပန်းအိုးထိုးတဲ့အခါတိုင်း

ပန်းအိုးထဲက ရေထဲကို ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ သကြား

လက်ဖက်ရည်ဇွန်း တဝက်စာခန့်ကို ရောစပ်ပြီး ထည့်ပေးရမှာပါ။

ပန်းသီးရှာလကာရည်ဟာ ပန်းအရိုးတံတွေကို ပုပ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး

သကြားကတော့ ပန်းတွေကို ကြာကြာခံစေနိုင်တဲ့ အစွမ်း ရှိပါတယ်။

ဒေါနမောင်