Local News

သဘာဝဓာတ်ငွေ့နဲ့ ကျောက်စိမ်း ရောင်းချရမှုပမာဏကိုပွင့်လင်းစွာ ထုတ်ပြန်လိုက်ပြီ

ကျောက်စိမ်း နှင့်သဘာဝဓာတ်ငွေ့ကို ပြည်ပ ရောင်းချမှုမှ ဒေါ်လာ

ဘီလီယံ၂၀ ခန့်ရရှိထားကြောင်း အစိုးရက ဇန်နဝါရီ ၁၆ ရက်မှာထုတ်ပြန်လိုက်ပါတယ်။

၂၀၁၅ အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ စက်တင်ဘာအထိဖြစ်ပြီး

သဘာဝဓာတ်ငွေ့မှ ဒေါ်လာ ၁၇ ဘီလီယံခွဲနှင့်ကျောက်စိမ်းမှ ဒေါ်လာနှစ်ဘီလီယံခွဲဖြစ် သည်ဟု

အကောက်ခွန်ဦးစီးဌာန ၏စာရင်းများကို အစိုးရကထုတ် ပြန်ခဲ့ခြင်းဖြစ်ပါတယ်သဘာဝဓာတ်ငွေ့ကို

၂၀၁၅ အောက်တိုဘာမှ ၂၀၁၆စက်တင်ဘာအထိ ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ၊

၂၀၁၆ အောက်တိုဘာ မှ ၂၀၁၇ စက်တင်ဘာအထိဒေါ်လာ ၃ ဒသမ ၁ ဘီလီယံ၊ ၂၀၁၇ အောက်တိုဘာမှ

၂၀၁၈ စက်တင်ဘာအထိ ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံ၊၂၀၁၈-၁၉ တွင် ဒေါ်လာ၃ ဒသမ ၉ ဘီလီယံ

နှင့်၂၀၁၉-၂၀၂၀ တွင်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံဖိုးရောင်းချထားတယ်လို့ သိရပါတယ်။

ကျောက်စိမ်းရောင်းချမှုတွင် ၂၀၁၅ အောက်တိုဘာ မှ၂၀၁၆ စက်တင်ဘာအထိ ဒေါ်လာ သန်း ၄၀၀ကျော်၊

၂၀၁၆-၂၀၁၇ တွင်ဒေါ်လာသန်း ၃၄၀ကျော်၂၀၁၇-၁၈ တွင် ဒေါ်လာ သန်း ၉၇၀ ကျော်၊၂၀၁၈-၁၉ တွင် ဒေါ်လာ သန်း ၃၅၀ ကျော်နှင့်

၂၀၁၉-၂၀ တွင် ဒေါ်လာသန်း ၄၂၀ ရရှိခဲ့တယ်လို့အစိုးရက ထုတ်ပြန်ထားပါတယ်။

၀၁၅-၁၆ ဘဏ္ဍာနှစ် နိုင်ငံ၏ပြည်ပပို့ကုန်မှဝင်ငွေသည်ဒေါ်လာ ၁၁ ဘီလီယံဖြစ်ပြီး ၂၀၁၆-၁၇တွင်

ဒေါ်လာ ၁၂ ဘီလီယံ၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် တွင်ဒေါ်လာ ၁၄ ဒသမ ၈ ဘီလီ ယံ၊

၀၁၈-၁၉ ဘဏ္ဍာနှစ်တွင်ဒေါ် လာ ၁၇ ဘီလီယံနှင့် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင်ဒေါ်လာ ၁၇ ဒသမ ၆၆ ဘီ

လီယံဖိုး ရရှိခဲ့သည် ဟုစီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနကထုတ်ပြန် သည်။

Credit