Local News

တရုတ်နိုင်ငံမှာရေခဲမုန့် ဗူးများထဲတွင်ကိုရိုနာဗိုင်းရပ်စ်များပါနေသည်ကို စစ်ဆေးတွေ့ရှိ

ကိုဗစ်-၁၉ ဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ်ပိုးများပါနေသည်ကိုစစ်ဆေး

တွေ့ရှိရ၍ တရုတ် အာဏာပိုင်များ ကိုဗစ် ကူးစက်ခံရ

နိုင်ခြေရှိသည့်လူများအားခြေရာခံ စုံစမ်းနေကြောင်း

ဒေးလီးမေးလ်သတင်းအရ သိရသည်။

တရုတ်နိုင်ငံ တီယန်ကျင်းမြို့ရှိ ဒေသတွင်းကုမ္ပဏီတစ်ခုမှ ထုတ်လုပ်သည့် ရေခဲမုန့်ဗူး နမူနာ (၃)ခုတွင် ကိုရိုနာ

ဗိုင်းရပ်စ်ပိုးများ ပါနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပြီးယင်းကုမ္ပဏီမှမကြာသေးမီကာလအတွင်း ထုတ်လုပ်ခဲ့

သည့် ရေခဲမုန့်ဗူး (၅၀၀၀) အားသိမ်းဆည်းရန် တရုတ်အာဏာပိုင်များ ပြင်ဆင်လျက်ရှိသည်။

လောလောဆယ်တွင် ရေခဲမုန့် ၂၀၈၉ ဗူးကို တံဆိပ်ခတ်

သိုလှောင်ထားပြီဖြစ်ပြီး နောက်ထပ်ရေခဲမုန့် ၁၈၁၂ ဗူး

ကိုမူ အခြားပြည်နယ်များသို့ တင်ပို့ခဲ့ပြီးဖြစ်ကာ ၉၃၅

ဗူးမှာ တီယန်ကျင်းမြို့ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချနေပြီဖြစ်သည်။

တရုတ်သတင်းဌာန၏ ဖော်ပြချက်အရ ဒေသတွင်း

ဈေးကွက်ထဲဖြန့်ဝထားသော ရေခဲမုန့်ဗူးများထဲမှ

ရေခဲမုန့် ၆၅ ဗူးသာ ရောင်းချရသေးသည်ဟုလည်း သိရသည်။

တစ်ဆက်တည်းမှာပင် ယင်းရေခဲမုန့်

ကုမ္ပဏီမှ ဝန်ထမ်းပေါင်း ၁၆၆၂ ဦးအားသောကြာနေ့မှ

စတင်၍ကွာရန်တင်းဝင်စေပြီးကိုဗစ် စစ်ဆေးမှုများလုပ်နေပြီ ဖြစ်သည်။

Credit