Health

ဒူးနာ ခါးနာ ရောဂါသမားအတွက် ယူပြစ်သလိုပျောက်ကင်းစေတဲ့ သဘာဝတိုင်းရင်း ဆေးနည်းများ

ဒူးနာ၍ ဆေးခန်းပြသော်လည်း မသက်သာပဲ သဘာဝ ဆေးနည်းများကို
တောင်းဆိုလာ သူများအတွက် ဒူးနာဆေးနည်းများကို
စုစည်း၍ မျှဝေပေးလိုက်ပါတယ်။


၁ လေဖြတ် လေငန်းလေးဘက်နာ ခါးနာ ဒူးနာအရောဂါများအတွက်
ဖီးကြမ်းငှက်ပျောသီး အမှည့်ကို ဖင်ဖြတ် ခေါင်းဖြတ်၍ သက်ရင်းကြီးရွက်နှင့်

လုံအောင်လိပ်ကာ ၅ နာရီခန့် ပြုတ်၍ တစ်နေ့သုံးလုံးစီ ၅ ရက်ဆက်တိုက်စားပေးပါက
လေဖြတ် လေငန်းလေးဘက်နာ ခါးနာ ဒူးနာနာတာရှည်ရောဂါများ ပျောက်ကင်းပါသည်။


၂ ငါးကြင်းခေါင်းကို မကြာခဏ ဟင်းချက်စားခြင်းဖြင့် ဒူးနာရောဂါ
ဒူးခေါင်း ကျီးပေါင်းရောဂါများကို ပျောက်ကင်းစေနိုင်ကြောင်း

ရှေးက ဆေးကျမ်းများတွင် ဖတ်ရှုရ၍ လက်တွေ့စမ်းကြည့်ရာ ဒူးထဲမှ ကုန်ခမ်းနေသော
ရိုးတွင်းချဉ်ဆီများ အားပြန်လည်ပြည့်၀လာ၍ တကယ်ပျောက်ကင်းခဲ့သည်။

၃ ဆေးရုံ ၃လလောက်တက်ခဲ့ရတဲ့ အသိတစ်ယောက် ဒီနည်းနဲ့ပျောက်သွားတယ်။
၃ ပတ်လောက် ဒူးနာနေတဲ့ ကျနော့်ယောက္ခမလည်း ဒီနည်းနဲ့ပဲ ပျောက်သွားတယ်။


ဆေးနည်းကတော့ ဂျင်းတက်နဲ့ မြေဖြူခဲကို ရောထောင်းပြီး
နာနေတဲ့ဒူးပေါ်ကို တစ်နေ့ ၂ ကြိမ် လိမ်းပေးပါ။ ၃ ရက်အတွင်း သိသာလာမယ်။

၄ ခွေးတောက်ရွက် လက်တစ်ဆုပ်ခန့်ကို ထုထောင်း၍ အရည်ညှစ်ယူကာ
၄င်းအရည်ဖြင့် သနပ်ခါးသွေးကာ ဒူးပေါ်ကို လိမ်းပေးပါ။

မနက် ရေချိုးပြီး တစ်ကြိမ် ညအိပ်ခါနီ းတစ်ကြိမ် လိမ်းပေးပါ။
တစ်ပတ်ခန့် လိမ်းပေးလျှင် ဒူးနာသက်သာပျောက်ကင်းစေမည်။


၅ ရှားစောင်းလက်ပပ် လတ်လတ်ဆတ်လတ်ကို ခူးယူ၍ အပေါ်အခွံကိုခွါပြီး
အတွင်းသား ဂျယ်လီကို ဇွန်းဖြင့်ခြစ်ယူ၍ ကျိုချက်ထားသော နွားနို့အအေးနှင့် သောက်ပါ။


၆ ဒူးနာ ခါးနာပျောက်ကင်းစေမည့် သဘာဝဆေးနည်း သင်္ဘောသီးအစိမ်းတစ်လုံးကို
ထိပ်ပိုင်းနေရာမှ ကြက်ဥတစ်လုံးစာခန့် ပိုင်းဖြတ်လိုက်ပါ။

အတွင်းမှ အစေ့များကိုလည်း မထုတ်ပဲ ထားပါ။  ကြက်ဥကို ထည့်လိုက်ပါ။
တောကြက်ဥ ဆိုလျှင် ပိုကောင်းပါသည်။ ပိုင်းဖြတ်ထားသည့် အပိုင်းဖြင့် ပြန်အုပ်လိုက်ပါ။


သူ့အစေးနှင့်သူ ပြန်ကပ်ပါသည်။ ပိုပြီး စိတ်ချချင်လျှင် ရွံ့စေးများဖြင့် အုပ်ပေးထားနိုင်ပါသည်။
၄င်းသင်္ဘောသီးကို မီးသွေး မီးဖိုထဲမှာ မီးဖုတ်ပေးပါ။

ပျော့အိပြီး အတွင်းမှ ကြက်ဥ ကျက်သွားသည့်အထိ ဖုတ်ပါ။
ပြီးလျှင် အခွံကို ခွါချလိုက်ပြီး အတွင်းမှ ကြက်ဥကို စားရမှာဖြစ်ပါတယ်။

၇ သံပုရာသီးကို ထက်ခြမ်းပိုင်း၍ ၄င်းသံပုရာခြမ်းဖြင့် နာနေသည့်ဒူးပေါ်ကို
အရည်များ ကုန်ခမ်းသည့်အထိ ညင်သာစွာ ပွတ်တိုက်ပေးပါ။


ပြီးလျှင် ဒဏ်ကြေဆေး တစ်မျိုးမျိုးဖြင့် လိမ်းပေးပြီး ၁၅ မိနစ်ခန့်
အ၀တ်ပါးပါး ပတ်တီးစီးထားပါ။ အထူးသဖြင့် ညအိပ်ခါနီး လိမ်းပေးလျှင် ပိုထိရောက်ပါတယ်။

၈ ဒူးနာသူများအတွက် ဆေးမြီးတို နောက်တစ်နည်း ခါးနာ ဒူးနာ သူများအတွက် မခက်ပါ
ဘဲဥကို ပွတ်နေသော ရေနွေးအိုးထဲ့ကို ၂ မိနစ်ခန့် ပြုတ်လိုက်ပြီး ဆယ်ယူလိုက်ပါ


ဆယ်ယူလိုက်သည့် ဘဲဥကို ပန်းကန်လုံးထဲ့ကို ဖောက်ထည့်လိုက်ပါ
စားကောင်းစေရန် သကြားအနည်းငယ် သင်စားကောင်းစေလောက်သည့်

အနေအထားသို့ထည့်ပြီး ခေါက်စားလိုက်ပါ တခြားမည်သည်အရာမှ
ရောစပ်ပြီး မစားရပါ ဘဲဥတလုံးကိုတော့ ကုန်အောင် စားရပါလိမ့်မည်။


တနေ့ကို ဘဲဥတလုံးကို ကုန်အောင်စားရပါလိမ့်မည် ထိုနည်းအတိုင်း နေ့စဉ်
ဘဲဥတလုံးစီ စားသုံးရမည် အနည်းဆုံး မိမိအသက်၏ တ၀က် အလုံးရေအထိ စားသုံးရမည်

ဘဲဥစားသုံးခြင်းသည် လိုအပ်သော ခြင်ဆီဓာတ်အတွက် ပြန်လည်ဖြစ်ပေါ်စေရန်ဖြစ်ပါသည်။
ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို


ပြန်လည်ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာများ သက်သာပျောက်ကင်းသွားပါလိမ့်မည်။
#credit