Knowledge

အမြင့်ပေ ၆၅၇၈ မှာတည်ရှိတဲ့ ဆံတော်ရှင်မုလအိ စေတီတော် သမိုင်းအကျဥ်း

မုလအိတောင်ဟာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင်

တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၆၅၇၈ ပေ မြင့်ပြီး


တောင်ထိပ်တွင် ဆံတော်ရှင် မုလအိ မုလအ

စေတီတော် မြတ်ကြီးများကို ဖူးတွေ့နိုင်ပါတယ်။



မုလအိ စေတီတည်ရှိတဲ့ တောင်ထိပ်ဟာဆိုရင် ၁၈၆၅ ခုနှစ်

နယ်ခြားမင်းကြီး လက်ဖတင်နင်ဖိုက်ရဲ့ တိုင်းတာချက်အရ


ပင်လယ်ရေပြင်မှ တောင်ထိပ် အထိ ပေပေါင်း ၆၀၀၀ ကျော်ရှိပြီး

စေတီတည်ရှိရာ ရင်ပြင်မှာ ရှေ့နောက် ပေ ၆၀ကျော်ပြီး

တောင်မြောက် ၃၈ ပေသာ ကျယ်ဝန်းပါတယ်။

မူလက မုလအိ စေတီ မှာ တစ်ဆူသာ ရှိသော်လည်း


လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် စေတီငယ်တစ်ဆူ

ထပ်မံတည်ဆောက်၍ မူလအိစေတီညီနောင်ဟူ၍

အမည်တွင်ခြင်း ဖြစ်တယ်ဟုလည်း လေ့လာသိရှိရပါတယ်။


တောင်အောက်မှလေများ ပြင်းထန်စွာ တိုက်ခတ်သဖြင့်

စိတ်အားငယ်နုနယ်သည့် အမျိုးသမီးတို့မှာ စေတီရှိရာတောင်ထိပ်ပေါ်သို့

မတက်ရောက်နိုင်ပဲ အမျိုးသားတို့သာ တက်ရောက်နိုင်သဖြင့်


စေတီတော်မရောက်မီ အမြင့်ပေ ၁၀၀ ကျော်မှာ

အမျိုးသမီးများ ဖူးမျှော်ရန်ကိုယ်စား စေတီ နှစ်ဆူကို

တည်ထားပေးခြင်းဖြစ်တယ်လို့လည်း ဆိုကြပါတယ်။


မုလအိတောင်ရဲ့ ထူးခြားမှုကတော့ သစ်ခွပန်းမျိုးစုံပေါက်ရောက်ပြီး

ဆေးဖက်ဝင်အပင်များစွာရှိခြင်းဖြစ်ပါတယ်။

#credit